Home Lifestyle Suilli ရဲ့ သေဆုံးမှုကို မှတ်ချက်ပေးမိလို့ ပရိသတ်တွေဝေဖန်တာခံနေရတဲ့ ဇေရဲထက်

Suilli ရဲ့ သေဆုံးမှုကို မှတ်ချက်ပေးမိလို့ ပရိသတ်တွေဝေဖန်တာခံနေရတဲ့ ဇေရဲထက်

Author

Date

Category

တောင်ကိုးရီးယားနိုင်ငံရဲ့ အဆိုတော်မလေး Suilli ရဲ့ သေဆုံးမှုသတင်းဟာ သူမပရိသတ်တွေအတွက် အတော်သွေးပျက်စေခဲ့ပါတယ်။ သူမ သေဆုံးသွားတယ်ဆိုတဲ့ သတင်းဟာ ယနေ့ မနက်ပိုင်းက စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီးတော့ ရဲတွေကလည်း သူမသေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တဲ့နောက်မှာတော့ Suilli တစ်ယောက် ပရိသတ်တွေကို ခွဲခွာနှုတ်ဆက်သွားခြင်းဟာ အမှန်တကယ်ဖြစ်ကြောင်း လက်ခံခဲ့ကြရပါတယ်။

Image may contain: 1 person, smiling

Image may contain: 1 person, selfie and closeup

Suilli ဟာ သူမအိမ်ရဲ့ ဒုတိယထပ်မှာ ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်ပြီးတော့ သူမသေဆုံးချိန်မှာတော့ အသက် (၂၅) နှစ်သာရှိပါသေးတယ်။ ငယ်ရွယ်နုပျိုပြီး အောင်မြင်မှုတွေရရှိနေတဲ့အချိန်မှာ အဆုံးစီရင်သွားတဲ့ Suilli အတွက် သူမပရိသတ်တွေကလည်း ဝမ်းနည်းနေခဲ့ကြတာပါ။

Image may contain: 1 person

Image may contain: 1 person, selfie and closeup

Suilli ရဲ့ ဆုံးပါးသွားတဲ့ သတင်းအပေါ် သရုပ်ဆောင် ဇေရဲထက်က မှတ်ချက်ပေးမှုတစ်ခုရှိခဲ့ပြီးတော့ ထိုမှတ်ချက်ပေးမှုအပေါ်မှာ ပရိသတ်တွေက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှုကြောင့် ဇေရဲထက်တစ်ယောက် ပို့စ်ကိုဖျက်လိုက်ပြီဖြစ်ပေမယ့် ဝေဖန်မှုတွေက မပြီးဆုံးသွားခဲ့ပါဘူး။

Image may contain: 2 people, people smiling, closeup

Image may contain: 1 person, closeup

ဇေရဲထက်ကတော့ ဝေဖန်နေကြတဲ့ ပရိသတ်အားလုံးကို ယခုလိုပဲ တောင်းပန်ခဲ့ပါတယ် “ကဲ ပြောပါ ဆဲပါ ရပါတယ်းးကျနော်က ခံနိုင်ရည်ရှိပါတယ်းးး ကျနော့်ပိုစ့်ကိုဖျတ်တာကလညါး ကျနော့်ကိုချစ်တဲ့ fan တွေနဲ့စကားများ မှာစိုးလို့ဖျတ်ပေးတာပါးးးးး ကျနော်တင်တဲ့ပို့စ်မှာလည်း ထိခိုက်ပါစေ စာနာမှု့ကင်းမဲ့စွာရေးတာမဟုတ်ပါဘူးးးး ညီမလေးသတ်သေတာ မတန်ဘူး လို့ထင်လို့ပါးးးး အိုကေးးအာ့ဒီ့အတွက်မှားတယ်ထင်လည်း ကျနော်ခံပါ့မယ်းးးး အမုန်းတွေမပွားချင်လို့ပါးးးးးဒါပေမယ့်ကျနော်လည်းခံစားတတ်တဲ့လူပါးးးး ကဲကျနော့်ရဲ့အချစ်တွေလည်း ကျနော့်ကြောင့် အပြောခံခဲ့ရရင်လည်း🙏🙏🙏အရေးကြီးတာက ကိုယ့်စိတ်ရင်းဖြူစင်စွာနဲ့ရေးခဲ့တယ်ဆိုတာတော့ ကျနော်ကိုယ်တိုင်အသိပါ🙏🙏🙏🙏🙏ကဲအားလုံးတောင်းပန်ပါတယ် peace” လို့ သူ့ရဲ့ အကောင့်ကနေ ရေးသားဖော်ပြလာတာပါ။

Image may contain: 4 people, people smiling, people standing

အားလုံးလည်း ဇေရဲထက်ကိုနားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်နော်။

Credit-We Love Cele

LEAVE A REPLY

Please enter your comment!
Please enter your name here

Linda Barbara

Lorem ipsum dolor sit amet, consectetur adipiscing elit. Vestibulum imperdiet massa at dignissim gravida. Vivamus vestibulum odio eget eros accumsan, ut dignissim sapien gravida. Vivamus eu sem vitae dui.

Recent posts

Myanmar Idol Season4ပြိုင်ပွဲမှာ စောခရစ်မူးလာ သီဆိုခဲ့တဲ့”အဆောင်သရဲ”သီချင်းနှင့်ပတ်သတ်ပြီး ဝေဖန်လိုက်တဲ့ မူရင်းတေးရေးဆရာ

Myanmar Idol Season4ပြိုင်ပွဲမှာ စောခရစ်မူးလာ သီဆိုခဲ့တဲ့”အဆောင်သရဲ”သီချင်းနှင့်ပတ်သတ်ပြီး ဝေဖန်လိုက်တဲ့ မူရင်းတေးရေးဆရာ ပရိသတ်ကြီးရေ ၊ နာမည်ကျော် တေးဆို ဆလိုင်းဂျွန်သင်ဇမ်း ကို မှတ်မိကြပါသေးလား ။၉၀ ခုနှစ် အစောပိုင်းကာလတွေမှာ အရမ်းနာမည်ကြီးခဲ့တဲ့ သီချင်းအေးအေးလေးတွေကို ဖန်တီးခဲ့တဲ့ ရွှေလက်ပိုင်ရှင်တစ်ယောက်ပါ ။မနေ့ညကလည်း စောခရစ်မူးလာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အဆောင်သရဲ...

မြို့အတုအောက်မှာ ဖျောက်ထားတဲ့ အမေရိကန်ဘိုးရင်းလေယာဉ်စက်ရုံကြီး

ဒုတိယကမ္ဘာစစ်ကာလက တိုက်လေယာဉ်တွေထုတ်လုပ်တဲ့လုပ်ငန်းဟာ မဟာမိတ်တပ်ပေါင်းစုအတွက်အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လေတပ် ကိုအဓိကနေရာကနေ အသုံးပြုပြီးထိုးစစ်ဆင်လေ့ရှိတဲ့ အမေရိကန်နဲ့သူမဟာ မိတ်တွေ အတွက်ကတော့ တိုက်လေယာဉ်ထုတ်လုပ်မှုလုပ်ငန်းဟာ အလွန်ကိုအရေးပါတဲ့ နေရာကနေရှိနေတာဖြစ်ပြီး တစ်ဆင့်ပြီးတစ်ဆင့်မြှင့်တင်လာနိုင်တဲ့ လေတပ်နည်းပညာနဲ့ ကမ္ဘာစစ်ကြီးကို အနိုင်ပိုင်းဖို့အထိ ရည်ရွယ်ထားကြတာလည်း ဖြစ်ပါတယ်။    ဒါပေမဲ့ ပုလဲဆိပ်ကမ်း လိုစစ်အခြေစိုက်စခန်းတွေကို ဂျပန်တွေရဲ့လျှပ်တပြတ်ထိုးစစ်နဲ့တိုက်ခိုက်ခံမှုနောက်ပိုင်း မှာတော့...

” Myanmar Idol ပြိုင်ပွဲကြီးကြောင့် ခွဲခွာခဲ့ရတဲ့ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခဲ့ရတဲ့ ထက်အဉ္ဇလီ “

” Myanmar Idol ပြိုင်ပွဲကြီးကြောင့် ခွဲခွာခဲ့ရတဲ့ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခဲ့ရတဲ့ ထက်အဉ္ဇလီ “ Myanmar Idol ရဲ့ပရိသတ်တွေကြား အပြုံးချိုချိုလေးတွေနဲ့သီချင်းတွေကို တန်ဆာဆင်ပြီးသီဆိုကာပရိသတ်တွေရဲ့အသည်းနှလုံးကိုသိမ်းပိုက်ထားသူလေးဖြစ်တဲ့ထက်အဉ္ဇလီကတော့ပြီးခဲ့တဲ့အပတ်Rock Weekယှဉ်ပြိုင်ဖျော်ဖြေမှုပွဲနေ့မှာသူ(၄)တန်းအရွယ်ထဲကခွဲခွာခဲ့ရတဲ့ဖခင်ဖြစ်သူကို ”ပါးပါးနဲ့လည်းတွေ့ချင်တယ်၊ညီမလေးကလည်းပါးပါးကိုလွမ်းနေတယ်။သမီးကိုဆက်သွယ်ပေးပါ”ဆိုပြီးသူဆီဆက်သွယ်ဖို့ပြောခဲ့ပါတယ်။ ထက်အဉ္ဇလီဟာမနေ့ညကယှဉ်ပြိုင်သီဆိုခဲ့တဲ့ “အမှတ်တရတက္ကသိုလ်”သီချင်းများကို သီဆိုရတဲ့ပွဲမှာနိုင်ငံကျော်အဆိုတော်အေးချမ်းမေရဲ့“ကျောင်းဖွင့်ချိန်” သီချင်းလေးကိုကျောင်းပြီးအောင်မတတ်ခဲ့ရလို့တက္ကသိုလ်သီချင်းဆိုရတာအခက်အခဲရှိပေမယ့်ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ သီဆိုနိုင်ခဲ့ပါတယ်။ယှဉ်ပြိုင်သီဆိုအပြီးအမှာခွဲခွာခဲ့ရတဲ့ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခဲ့ရတဲ့အကြောင်းကို “Hello…အချစ်တို့ရေ ထက်သတင်းကောင်းလေးပြောချင်လို့ပါရှင့်မနေ့ကပြိုင်ပွဲမှာထက်နဲ့လေးတန်းလောက်ထဲကခွဲခွါခဲ့ရတဲ့ထက်အရမ်းသတိရနေခဲ့ရတဲ့ပါးပါး(အဖေ)နဲ့ပြန်ဆုံနိုင်ခွင့်ရခဲ့ပါပြီရှင့်ထက်ဝမ်းသာလို့မဆုံးပါဘူးရှင့်အားလုံးလည်းထပ်တူပျော်ရွှင်ကြမယ်ထင်ပါတယ်ရှင့်”လို့သူရဲ့လူမှုကွန်ရက်စာမျက်နှာမှဖော်ပြထားပါတယ်။ CeleGabar ပရိသတ်ကြီးရေထက်အဉ္ဇလီကတော့Myanmar Idol...

ငယ်ငယ်ထဲက ကွဲနေတဲ့ အဖေကို ပြန်တွေ့ခွင့်ရသွားတဲ့​ မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင် ထက်အဉ္ဇလီ

ကယားသူလေး ထက်အဉ္ဇလီဟာ Myanmar Idol Season 4 မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင်တစ်ဦးပဲ ဖြစ်ပါတယ်…ပြီးခဲ့တဲ့ တပတ်က Myanmar Idol ပြိုင်ပွဲဝင်နေရင်း ထက်အဉ္ဇလီက ငယ်ငယ်တုန်းက ခွဲခွာခဲ့ရတဲ့ ဖခင်ဖြစ်သူနဲ့ ပြန်ဆုံချင်တဲ့အကြောင်း မျက်ရည်တွေနဲ့ ပြောပြခဲ့တာ ပရိသတ်ကြီးတို့ မှတ်မိမှာပါခုတော့ ဝမ်းသာစရာသတင်းလေးတစ်ခု...

တည်ထောင်ထားတဲ့ စီးပွားရေးပိုင်ဆိုင်မှုလေးတွေအကြောင်း ပြောပြလာတဲ့ မင်းသားနေမျိုးအောင်

ပရိသတ်ကြီးရေ မင်းသားချောနေမျိုးအောင်ကတော့ ပီပြင်ပိုင်နိုင်လွန်းတဲ့ သဘာဝဇာတ်ရုပ်တွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်။ကျရာဇာတ်ရုပ်တွေကို ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ကြည်နူးစရာ မိသားစုလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူ ဖြစ်ပါတယ်နော်။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ဇာတ်ကားတွေကိုလည်း ရိုက်ကူးနေကာ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ရပ်ကျော်ရွာကျော်” ရုပ်ရှင်ဇာတ်ကားကြီးမှာ...

Recent comments