Home Uncategorized အနာဂတ် မန်ယူအသင်းနည်းပြ နာဂယ်စမန်လား


Author

Date

Category


[Zawgyi]

===========================
===========================







#photo. Crd.Juventus
#90minfootball
#မင်းသုတ

[Unicode]
အနာဂတ် မန်ယူအသင်းနည်းပြ နာဂယ်စမန်လား

===========================
===========================

မန်ယူအသင်းဟာ အနာဂတ်နည်းပြအဖြစ် လစ်ပ်ဇစ်အသင်းရဲ့နည်းပြ ဖြစ်သူ နာဂယ်စမန်ကိုပစ်မှတ်ထား နေတယ်လို့သိရပါတယ်။ ငယ်ရွယ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ နာဂယ်စမန်ကို မန်ယူကစောင့်ကြည့်နေတာ ကြာပြီလို့လည်းဆိုပါတယ်။

အသက် ၃၂ နှစ်သာရှိသေးတဲ့ နာဂယ်စမန်ဟာ ဟော်ဖန်ဟိမ်းကို ကိုင်တွယ်ပြီးနောက် ဒုတိယမြောက် ဘွန်ဒက်စ်လီဂါအသင်းအဖြစ် လက်ရှိမှာ လစ်ပ်ဇစ်ကို တာဝန်ယူနေတာဖြစ်ပါတယ်။ မန်ယူရဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားဟာ ရလဒ်တွေဆိုးရွားနေလို့ ဖိအားတွေခံစားနေရသူဖြစ်ပြီး သူ့အနာဂတ်က မသေချာတော့ပါဘူး။

မန်ယူဟာ နာဂယ်စမန်ကိုအနာဂတ်အတွက် ရည်ရွယ်ထားတာဖြစ်ပေမယ့် လက်ရှိအခြေအနေကြောင့် သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တွေကိုစတင်စုဆောင်းနေပြီး ခေါ်ယူနိုင်မယ့်အခြေအနေတွေကို တွက်ချက်စဉ်းစားနေတယ်လို့ဆိုပါတယ်။

သူဟာ ဒဏ်ရာပြဿ နာကြောင့် အော့စ်ဘတ်မှာ ကစားနေစဉ် အသက် ၂၀ အရွယ်မှာ တင်အနားယူလိုက်ရသူဖြစ်ပြီး နည်းပြလိုင်းကို ကူးပြောင်းပြီးချိန်မှာတော့ မော်ရင်ဟိုအငယ်စားလေး(Baby Mourinho) လို့ တင်စားခံခဲ့ရသူဖြစ်ပါတယ်။

သူဟာ ဟော်ဖန်ဟိမ်းကိုတာဝန်စယူတုန်းက အသက် ၂၈ နှစ်သာရှိသေးလို့ ဘွန်ဒက်စ်လီဂါသမိုင်းမှာ အသက်အငယ်ဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ဖေဖေါ်ဝါရီမှာ အဲဒီတုန်းက အဆင့် ၁၇ ကိုရောက်နေတဲ့ ဟော်ဖန်ဟိမ်းကို တာဝန်ယူခဲ့ပြီး တန်းမဆင်းရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ရာသီပြည့် ပထမဆုံးတာဝန်ယူပြီးတဲ့အချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင်ပါစွမ်းဆောင်ပေးခဲ့တာပါ။

ဒီရာသီအစမှာ လစ်ပ်ဇစ်ကို ကိုင်တွယ်တော့လည်း စွမ်းဆောင်ရည်ကောင်းမွန်နေဆဲဖြစ်ပြီး လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၅ ကိုရောက်နေပေမယ့် ထိပ်ဆုံးကဦးဆောင်နေတဲ့ ဂလတ်ဘတ်နဲ့ ၂ မှတ်သာကွာဟနေတာဖြစ်ပါတယ်။ သူဟာ လစ်ပ်ဇစ်နဲ့ ၂၀၂၃ အထိစာချုပ်သက်တမ်း ရှိထားသူလည်းဖြစ်ပါတယ်။

#Homepage. 90minutes. Crd
#photo. Crd.Juventus
#90minfootball
#မင်းသုတ

Post Views: 278

Linda Barbara

Lorem ipsum dolor sit amet, consectetur adipiscing elit. Vestibulum imperdiet massa at dignissim gravida. Vivamus vestibulum odio eget eros accumsan, ut dignissim sapien gravida. Vivamus eu sem vitae dui.

Recent posts

Suilli ရဲ့ သေဆုံးမှုကို မှတ်ချက်ပေးမိလို့ ပရိသတ်တွေဝေဖန်တာခံနေရတဲ့ ဇေရဲထက်

တောင်ကိုးရီးယားနိုင်ငံရဲ့ အဆိုတော်မလေး Suilli ရဲ့ သေဆုံးမှုသတင်းဟာ သူမပရိသတ်တွေအတွက် အတော်သွေးပျက်စေခဲ့ပါတယ်။ သူမ သေဆုံးသွားတယ်ဆိုတဲ့ သတင်းဟာ ယနေ့ မနက်ပိုင်းက စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီးတော့ ရဲတွေကလည်း သူမသေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တဲ့နောက်မှာတော့ Suilli တစ်ယောက် ပရိသတ်တွေကို ခွဲခွာနှုတ်ဆက်သွားခြင်းဟာ အမှန်တကယ်ဖြစ်ကြောင်း လက်ခံခဲ့ကြရပါတယ်။ Suilli ဟာ သူမအိမ်ရဲ့...

နေပြည်တော် မြို့မဈေးတွင် မီးလောင်မှုဖြစ်ပွားလျက်ရှိ

နေပြည်တော်ရှိ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မြို့မဈေးတွင် ၁၄.၁၀.၂၀၁၉ ညပိုင်း (၁၀) နာရီခန့်မှစပြီး မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါတယ်။ မီးသတ်ဌာနကတော့ မီးလောင်မှုအဆင့်ကို Level 1 အဆင့်သတ်မှတ်ထားပြီး မီးငြိမ်းသတ်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိနေပါတယ်။ နေပြည်တော်မြို့မဈေးသည် အထင်ကရ ဈေးတစ်ခုဖြစ်ပြီး အစိုးရဝန်ထမ်းများ အများအားဖြင့် လာရောက်ဝယ်ယူကြသော ဈေးကြီးတစ်ခုလည်းဖြစ်သည်။ မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုများကိုတော့ မသိရှိရသေးပေ။

သီတင်းကျွတ်လာကန်တော့တဲ့ သားတပည့်အောင်ရေချမ်းကို အနုပညာသွေးတွေ သွင်းပေးခဲ့တယ်ဆိုတဲ့ မို့မို့မြင့်အောင်

သရုပ်ဆောင် မို့မို့မြင့်အောင်ကတော့ အကယ်ဒမီဆုပေါင်များစွာကိုရရှိထားတဲ့ စွယ်စုံရ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့ ပရိသတ်တွေရဲ့ရင်ထဲကိုရစုနှစ်ပေါင်းများစွာ နေရာယူထားတဲ့ ပရိသတ်အချစ်တော်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့ သားတပည့်ဖြစ်တဲ့ အောင်ရေချမ်းရဲ့ အနပညာအပေါ်ရူးသွပ်ပုံကို ချီးကျူးလိုက်ပါတယ်။ သူမကတော့ ” ဒီနေ့မို့ရဲ့သားတပည့်အောင်ရေချမ်း သီတင်းကျွတ် လာကန်တော့တယ်။သူကနကိုယ်သရုပ်ဆောင်တော်ပြီးသားပါ။ဒါပေမဲ့အနုပညာပိုရူးသွပ်အောင်ဇတ်ကောင်စရိုက်ပူးကပ်လို့လွယ်ကူအောင် အနုပညာသွေးတွေသွင်းပေးခဲ့ပါတယ်။ယခုလာမယ့် ၈-၁၁-၂၀၁၉နေ့ရုံတင်မယ့် ရိုးမပေါ်ကျတဲ့မျက်ရည် ဇတ်ကား ဟာ မို့သင်ပေးပြီးမှ စ ရိုက်တဲ့ကားပါ။ သူမကတော့...

သင့်အိမ်ထဲမှာ မကောင်းတဲ့ အမှောင့်ပယောဂတွေရှိမှန်း သိနိုင်မယ့် လက္ခဏာ (၆) မျိုး

တစ်ခါတလေ ဘာလုပ်လုပ် အဆင်မပြေတာမျိုး၊ စိတ်တွေနောက်ကျိပြီး နေရထိုင်ရမကောင်းတာမျိုး၊ မကြာခဏဖျားနာတာမျိုးတွေဒါမှမဟုတ် အိမ်တစ်အိမ်ကိုဝင်လိုက်တာနဲ့ စိတ်ထဲမှာ တစ်မျိုးကြီးခံစားရတာမျိုး ဖြစ်ဖူးပါသလား။ ဒါဆိုရင်တော့ အဲ့ဒီ့အိမ်ထဲမှာ အညံ့တွေ၊ မကောင်းတဲ့အမှောင့်ပယောဂတွေရှိနေလို့ဖြစ်နိုင်ပြီး ကြုံတွေ့ရမယ့် လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ပင်ပန်းနွမ်းနယ်ခြင်း တစ်ခါတလေမှာ အပြင်ကပြန်လာလို့ ပင်ပန်းနွမ်းနယ်တာမျိုးကတော့ သဘာဝပါပဲ။ ဒါပေမယ့်လည်း နေရင်းထိုင်ရင်းနဲ့ နေ့တိုင်းလိုလို...

ပထမအချီမှာတင် ရှုံးခဲ့တဲ့ ဖိုးသော်ကို အားပေးစကားပြောခဲ့တဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ်ပိုင်ရှင် အောင်လအန်ဆန်း

ဖိုး ဘူရှီဒို သော် တစ်ယောက် ပြန်လာနိုင်မလား…သူ့ကို အားပေးနေဆဲ ပရိသတ်တွေ အတွက် အကောင်းဆုံး ဆက်ကြိုးစားမယ် ဆိုတဲ့ ဖိုးသော်။ မြန်မာပြည်က သိုင်းပေါင်းစုံ ကစားသမား ဘူရှီဒို ဖိုးသော် ဟာ အောက်တိုဘာ ၁၃ ရက် နေ့က ဂျပန်နိုင်ငံ တိုကျို မြို့တော်မှာ...

Recent comments