Home Uncategorized ဆန်းချက်ဇ်လို ဖြစ်မှာ စိုးရိမ်လို့ ယူနိုက်တက်က ဒိုင်ဘာလာ ကို မခေါ်ခဲ့တာပါ


Author

Date

Category


[Zawgyi]

==========================
==========================







[Unicode]
ဆန်းချက်ဇ်လို ဖြစ်မှာ စိုးရိမ်လို့ ယူနိုက်တက်က ဒိုင်ဘာလာ ကို မခေါ်ခဲ့တာပါ

==========================
==========================

မန်ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာကို လက်မှတ်ထိုးခေါ်ယူမှု မလုပ်ခဲ့တာဟာ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှု နဲ့ ပတ်သတ်ပြီး မှားယွင်းတဲ့ ရလဒ်တစ်ခုဖြစ်သွားမှာကို စိုးရိမ်မိလို့ မခေါ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

နွေရာသီအပြောင်းအရွှေ့မပိတ်သိမ်းခင်တုန်းက ပရီးမီးယားလိဂ်ကလပ်အသင်းကြီးဟာ အာဂျင်တီးနား တိုက်စစ်မှူးကို ကစားသမားရဲ့ လစာနဲ့ ပုံရိပ်မူပိုင်ခွင့်တို့နဲ့ပတ်သတ်ပြီး သဘောတူညီမှုရရှိခဲ့တဲ့ အသင်းဖြစ်ပါတယ်။

ဒိုင်ဘာလာဟာ လက်ရှိအိုးထရက်ဖိုဒ့်တွင် လစာအများဆုံးရရှိနေတဲ့ ဆန်းချက်ဇ်လို အဖြစ်မျိုး နဲ့ အဆုံးသတ်သွားမှာကို ယူနိုက်တက်က စိုးရိမ်ကြောက်ရွံ့နေတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ရလဒ်အရ ဆန်းချက်ရဲ့ မြင့်မားတဲ့ လစာကို ဘယ်ကလပ်အသင်းကမှ ပေးချေလိုခြင်းမရှိခဲ့ပါဘူး။ ယခုအခါတွင်လည်း ယူနိုက်တက်ဟာ ချီလီလက်ရွေးစင်ကစားသမားကို အင်တာမီလန်သို့ တစ်နှစ်အငှားချထားလိုက်ပေမယ့်လည်း သူ့ရဲ့ လစာတစ်ဝက် ကို စိုက်ထုတ်ပေးရမယ်လို့ သဘောတူညီခဲ့ရပါတယ်။

ဒိုင်ဘာလာအတွက် ဆွေးနွေးညှိနှိုင်းမှု လုပ်နေစဉ်တွင် ဆန်းချက်ဇ်ဟာ ယူနိုက်တက်မှာပဲ ဆက်နေမယ်လို့ ဆုံးဖြတ်ထားဟန်ရှိပါတယ်။ နောက်ပိုင်းတွင် ယူနိုက်တက်အမှုဆောင်ချုပ ်အက်ဝုပ်ဝက်ဒ်ဟာ ဘဏ္ဍာရေးပေးချေမှု မြင့်မားနေလို့ လျော့ချရမယ့်အနေအထားရောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒိုင်ဘာလာဟာ ယခုအခါ တူရင်တွင် အနည်းဆုံး ယခုနှစ်ဘောလုံးရာသီဝက်အထိ ဆက်လက်ရှိနေမယ်လို့ သိရှိရပါတယ်။

Post Views: 6

Linda Barbara

Lorem ipsum dolor sit amet, consectetur adipiscing elit. Vestibulum imperdiet massa at dignissim gravida. Vivamus vestibulum odio eget eros accumsan, ut dignissim sapien gravida. Vivamus eu sem vitae dui.

Recent posts

Suilli ရဲ့ သေဆုံးမှုကို မှတ်ချက်ပေးမိလို့ ပရိသတ်တွေဝေဖန်တာခံနေရတဲ့ ဇေရဲထက်

တောင်ကိုးရီးယားနိုင်ငံရဲ့ အဆိုတော်မလေး Suilli ရဲ့ သေဆုံးမှုသတင်းဟာ သူမပရိသတ်တွေအတွက် အတော်သွေးပျက်စေခဲ့ပါတယ်။ သူမ သေဆုံးသွားတယ်ဆိုတဲ့ သတင်းဟာ ယနေ့ မနက်ပိုင်းက စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီးတော့ ရဲတွေကလည်း သူမသေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တဲ့နောက်မှာတော့ Suilli တစ်ယောက် ပရိသတ်တွေကို ခွဲခွာနှုတ်ဆက်သွားခြင်းဟာ အမှန်တကယ်ဖြစ်ကြောင်း လက်ခံခဲ့ကြရပါတယ်။ Suilli ဟာ သူမအိမ်ရဲ့...

နေပြည်တော် မြို့မဈေးတွင် မီးလောင်မှုဖြစ်ပွားလျက်ရှိ

နေပြည်တော်ရှိ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မြို့မဈေးတွင် ၁၄.၁၀.၂၀၁၉ ညပိုင်း (၁၀) နာရီခန့်မှစပြီး မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါတယ်။ မီးသတ်ဌာနကတော့ မီးလောင်မှုအဆင့်ကို Level 1 အဆင့်သတ်မှတ်ထားပြီး မီးငြိမ်းသတ်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိနေပါတယ်။ နေပြည်တော်မြို့မဈေးသည် အထင်ကရ ဈေးတစ်ခုဖြစ်ပြီး အစိုးရဝန်ထမ်းများ အများအားဖြင့် လာရောက်ဝယ်ယူကြသော ဈေးကြီးတစ်ခုလည်းဖြစ်သည်။ မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုများကိုတော့ မသိရှိရသေးပေ။

သီတင်းကျွတ်လာကန်တော့တဲ့ သားတပည့်အောင်ရေချမ်းကို အနုပညာသွေးတွေ သွင်းပေးခဲ့တယ်ဆိုတဲ့ မို့မို့မြင့်အောင်

သရုပ်ဆောင် မို့မို့မြင့်အောင်ကတော့ အကယ်ဒမီဆုပေါင်များစွာကိုရရှိထားတဲ့ စွယ်စုံရ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့ ပရိသတ်တွေရဲ့ရင်ထဲကိုရစုနှစ်ပေါင်းများစွာ နေရာယူထားတဲ့ ပရိသတ်အချစ်တော်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့ သားတပည့်ဖြစ်တဲ့ အောင်ရေချမ်းရဲ့ အနပညာအပေါ်ရူးသွပ်ပုံကို ချီးကျူးလိုက်ပါတယ်။ သူမကတော့ ” ဒီနေ့မို့ရဲ့သားတပည့်အောင်ရေချမ်း သီတင်းကျွတ် လာကန်တော့တယ်။သူကနကိုယ်သရုပ်ဆောင်တော်ပြီးသားပါ။ဒါပေမဲ့အနုပညာပိုရူးသွပ်အောင်ဇတ်ကောင်စရိုက်ပူးကပ်လို့လွယ်ကူအောင် အနုပညာသွေးတွေသွင်းပေးခဲ့ပါတယ်။ယခုလာမယ့် ၈-၁၁-၂၀၁၉နေ့ရုံတင်မယ့် ရိုးမပေါ်ကျတဲ့မျက်ရည် ဇတ်ကား ဟာ မို့သင်ပေးပြီးမှ စ ရိုက်တဲ့ကားပါ။ သူမကတော့...

သင့်အိမ်ထဲမှာ မကောင်းတဲ့ အမှောင့်ပယောဂတွေရှိမှန်း သိနိုင်မယ့် လက္ခဏာ (၆) မျိုး

တစ်ခါတလေ ဘာလုပ်လုပ် အဆင်မပြေတာမျိုး၊ စိတ်တွေနောက်ကျိပြီး နေရထိုင်ရမကောင်းတာမျိုး၊ မကြာခဏဖျားနာတာမျိုးတွေဒါမှမဟုတ် အိမ်တစ်အိမ်ကိုဝင်လိုက်တာနဲ့ စိတ်ထဲမှာ တစ်မျိုးကြီးခံစားရတာမျိုး ဖြစ်ဖူးပါသလား။ ဒါဆိုရင်တော့ အဲ့ဒီ့အိမ်ထဲမှာ အညံ့တွေ၊ မကောင်းတဲ့အမှောင့်ပယောဂတွေရှိနေလို့ဖြစ်နိုင်ပြီး ကြုံတွေ့ရမယ့် လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ပင်ပန်းနွမ်းနယ်ခြင်း တစ်ခါတလေမှာ အပြင်ကပြန်လာလို့ ပင်ပန်းနွမ်းနယ်တာမျိုးကတော့ သဘာဝပါပဲ။ ဒါပေမယ့်လည်း နေရင်းထိုင်ရင်းနဲ့ နေ့တိုင်းလိုလို...

ပထမအချီမှာတင် ရှုံးခဲ့တဲ့ ဖိုးသော်ကို အားပေးစကားပြောခဲ့တဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ်ပိုင်ရှင် အောင်လအန်ဆန်း

ဖိုး ဘူရှီဒို သော် တစ်ယောက် ပြန်လာနိုင်မလား…သူ့ကို အားပေးနေဆဲ ပရိသတ်တွေ အတွက် အကောင်းဆုံး ဆက်ကြိုးစားမယ် ဆိုတဲ့ ဖိုးသော်။ မြန်မာပြည်က သိုင်းပေါင်းစုံ ကစားသမား ဘူရှီဒို ဖိုးသော် ဟာ အောက်တိုဘာ ၁၃ ရက် နေ့က ဂျပန်နိုင်ငံ တိုကျို မြို့တော်မှာ...

Recent comments