Home Lifestyle ဒါေလးဖတ္ၿပီးမွ လမ္းေဘးေစ်းသည္ေတြကို သနားၾကပါ

ဒါေလးဖတ္ၿပီးမွ လမ္းေဘးေစ်းသည္ေတြကို သနားၾကပါ

Author

Date

Category

ဒါေလးဖတ္ၿပီးမွ လမ္းေဘးေစ်းသည္ေတြကို သနားၾကပါ

Zawgyi

ဒါဖတ္ၿပီးမွ လမ္းေဘးေစ်းသည္ေတြကို သနားၾကပါ

ရန္ကုန္က လမ္းေဘးေစ်းသည္ေတြရဲ႕ တကယ့္ သရုပ္မွန္

ဒါဖတ္ၿပီးမွ လမ္းေဘးေစ်းသည္ေတြကို သနားပါ။

ရန္ကုန္ၿမိဳ႕လယ္က အိိမ္ဆိုင္ေတြဟာ ဆိုင္ခန္းငွါးခ ၁၀သိန္း၊ ၁၅သိန္း ေပးရေပမယ့္ ကိုယ့္ဆိုင္ မ်က္ႏွာစာကို ကိုယ္မပိုင္ပါဘူး။ လမ္းေဘးေစ်းသည္က တျပားမွ မေပးရေပမယ့္ ကိုယ့္ဆိုင္ မ်က္ႏွာစာကို သူတို႔ ပိုင္ပါတယ္။

အိမ္ဆိုင္ေတြကို ၾကည့္လိုက္ရင္ လမ္းေဘးေစ်းသည္ ေတြရဲ႕ ထီးေတြ၊ စားပြဲေတြနဲ႔ ကြယ္ေနပါတယ္။ လမ္းသြားလမ္းလာ ေတြ သြားရင္းလာရင္း ဝင္ၾကည့္ဖို႔ ေနေနသာသာ တကူးတက လာတဲ့လူေတာင္ ဆိုင္ မျမင္ရလို့ မနည္းကို ႐ွာေနရပါတယ္။

ဆိုင္ခန္းရယ္လို႔ ျဖစ္လာတာနဲ႔ လုပ္ငန္းလိုင္စင္ စလုပ္ရပါတယ္။ လုပ္ငန္း ျဖစ္သြားတာနဲ႔ မီတာခကလည္း ၃ ဆ တက္ပါ တယ္ ။ လမ္းေဘးေစ်းသည္က လိုင္စင္ လုပ္စရာမလို၊ မီတာ တက္စရာလည္း မလိုပါ။

အိမ္ဆိုင္ေတြက တရက္ ၁ ေသာင္း၊ ၂ ေသာင္း ရေအာင္ မနည္းေရာင္းေနရ ေပမယ့္ ဝင္ေငြခြန္၊ အျမတ္ခြန္ေတြ ေဆာင္ရပါ တယ္။ လမ္းေဘးေစ်းသည္ေတြက တစ္ရက္ကို သိန္းခ်ီ ေရာင္းရေပမယ့္ လိုင္းေျကးေလာက္ပဲ ေပးၾကရတာပါ။ (လိုင္းေၾကး က အိပ္ကပ္ထဲ ေရာက္တာပါ။ ႏိုင္ငံေတာ္ ဘ႑ာထဲ မေရာက္ပါ။)

အရင္းအနွီး၊ လစဥ္ အကုန္အက် မ်ားလြန္းတဲ့ အတြက္ ဝန္ထမ္းေလး ၂ ေယာက္ေလာက္ ငွါးဖို႔ ခ်ိန္ဆ စဥ္းစားေနရ ခ်ိန္မွာ.. လမ္းေဘးေစ်းသည္က စားပြဲထိုး ၇ ေယာက္၊ ၈ ေယာက္္ကို ေခၚထားနိုင္ ပါတယ္။

လမ္းေဘး ကြမ္းဆိုင္ေတြ ေထြးခဲ့သမွ် ကြမ္းတံေတြးေတြ ညတိုင္း ကိုယ့္ဆိုင္ေရွ႕ကိုယ္ ေဆးရပါတယ္။ လမ္းေဘး ေစ်းသည္ေတြ ဖြခဲ့သမ်ွ အမႈိက္ေတြ ၾကားမွာ.. အိမ္ဆိုင္ေတြက အမႈိက္ခြန္ ေဆာင္ေနၾက ရပါတယ္။

အိမ္ဆိုင္ေတြက ေရခြန္ လစဥ္ ေဆာင္ရပါတယ္။ လမ္းေဘးေစ်းသည္ေတြက (ဘယ္သူ တပ္ထားေပးမွန္း မသိတဲ့) ေရဘံုဘိုင္းေခါင္းေတြ ကေန ေရအလကား သံုးလို႔ ရပါတယ္။

လမ္းေဘးေစ်းသည္ေတြက တေန႔လုပ္မွ တေန႔စားရတာ..တဲ့။ ဟုတ္လား?? ရပ္ကြက္ထဲက သူတို႔ အိမ္ေ႐ွ႕မွာ မေရာင္းပဲ၊ ၿမိဳ႕ထဲက ပလက္ေဖာင္းမွာပဲ ဘာလို႔ လာေရာင္းၾကလဲ? သိလား?? ဘာျဖစ္လို႔လဲ ဆိုေတာ့.. ၿမိဳ႕ထဲမွာက ၁၀၀ တန္ကို ၅၀၀ ေရာင္းလို႔ ရတယ္။ ၁၀၀၀ ေရာင္းလို႔ ရတယ္။

ဘာအခြန္အခမွ မကုန္က်ပဲ ၅ဆ၊ ၁၀ဆ ျမတ္တဲ့ လမ္းေဘး ေစ်းသည္ေတြ က ေရႊတြဲလြဲ၊ ေငြတြဲလြဲနဲ႔ ၿမိဳ႕လည္ေခါင္မွာ တိုက္ခန္းေတြ ၁ ခန္းၿပီး၊ ၁ ခန္း ဝယ္ေနခ်ိန္မွာ အိမ္ဆိုင္ေတြ ကေတာ့ ဆိုင္ခန္းခနဲ႔ ဝန္ထမ္းခ ကိုေတာင္ မနဲ ႐ွာေနၾကရ ပါတယ္။

လမ္းေဘးကြမ္းဆိုင္ေတြ ဆိုလည္း အိမ္ဝယ္လိုက္ ကားဝယ္လိုက္ ႀကီးပြားသြား ၾကတာ.. ဝင္ေငြခြန္၊ အျမတ္ခြန္၊ သန္႔႐ွင္းေရး ခြန္မ်ား ေဆာင္ရတယ္လို႔ ၾကားဖူးလို႔ လားဗ်ာ? လမ္းေဘးမို႔လို႔ ဆိုင္ခန္းခေတာင္ ေပးစရာ မလိုပါဘူး။

ဒီလို တရားမ်ွတမႈ မ႐ွိတဲ့ စံနစ္ဆိုး၊ အက်င့္ဆိုးဒါဏ္ေတြ ဒီဖက္ေခတ္မွာ မ႐ွိသင့္ေတာ့ ပါဘူး။ စည္ပင္ကို တိုင္ေတာ့ ရပ္ကြက္လူႀကီးနဲ႔ ေျပာပါဆိုၿပီး လႊဲခ်တယ္။ ရပ္ကြက္လူႀကီး သြားေျပာေတာ့ စည္ပင္ကို ေျပာပါလို႔ ေဘာလီေဘာ ထပ္ပုတ္တယ္။ ဘယ္သူ႔ကို တိုင္ရမွန္းလည္း မသိပါ။

စည္ပင္ စည္းကမ္းထိန္းသိမ္းေရးကား လိုက္ဖမ္းျပန္ေတာ့လည္း လိုင္းေၾကး ယူထားတဲ့ ဝန္ထမ္းက ႀကိဳ သတိေပးထား တယ္။ ကားလာတာနဲ႔ လမ္းေဘးေစ်းသည္ေတြက ၾကက္ေပ်ာက္ ငွက္ေပ်ာက္ပါပဲ။

ေနရာနဲ႔တကြ စနစ္တက် တိုင္ျပန္ေတာ့.. တိုင္စာပို႔တဲ့လူနဲ႔ ဆိုင္ခန္းကို စည္ပင္ဝန္ထမ္းရယ္၊ ရပ္ကြက္လူႀကီးရယ္၊ လမ္းေဘးေစ်းသည္ ရယ္က အၿငိဳးထားၿပီး ဒုကၡျပန္ေပးတတ္လို႔ မတိုင္ရဲျက ျပန္ပါဘူး။

ကမ္းနား ညေစ်းေတြ ေဖာ္ေဆာင္လိုက္လို႔ လမ္းေဘးေစ်းသည္ေတြ မ႐ွိေတာ့ဘူးတဲ့.. ဟုတ္လား?? ကြီးၿဖိဳးရဲ႕ ၿမိဳ႕ေတာ္ ခန္းမ အနီးက ဆူးေလစကြဲ ခံုးေက်ာ္တဝိုက္ မွာတင္ လာၾကည့္ပါ။ ၃ မိနစ္ေလာက္ ေလ်ွာက္လိုက္ရင္ ဘားလမ္းမွာ လာၾကည့္ပါ။

၅မိနစ္ေလာက္ ထပ္ေလ်ာက္လိုက္ရင္ ဆိပ္ကမ္းသာလမ္း၊ ဗိုလ္ေအာင္ေက်ာ္လမ္းေတြမွာ လာၾကည့္လိုက္ပါ။ တကယ္ေတာ့ ကြီးၿဖိဳးဟာ တ႐ုတ္တန္းကိုပဲ ကမ္းနားေရႊ႔ႏိုင္တာပါ။ ကုလားတန္းတို႔၊ ဘာတန္း၊ ညာတန္းတို႔ေတာ့ မေရႊ႕ႏိုင္ ခဲ့ပါဘူး။

ႏိုင္ငံေတာ္ စီးပြားေရး တိုးတက္ေစခ်င္ရင္ အေသးစား စက္မႈလက္မႈလုပ္ငန္း SME ေတြ တြင္က်ယ္ေအာင္ လုပ္ရမယ္..တဲ့။ ေလာေလာဆည္ေတာ့.. အေသးစား အိမ္ဆိုင္ေလးေတြေတာင္ လမ္းေဘးေစ်းသည္နဲ့ ယွဥ္ၿပီး ပလက္ေဖာင္းေပၚ ဆင္းေရာင္း ရမလို ျဖစ္ေနပါတယ္။

ဘယ္ကိုတိုင္ရမွန္း မသိေတာ့လို႔ တာဝန္ ႐ွိသူေတြ ျမင္ေအာင္ ရွဲ သြားေပးၾကပါဗ်ာ။

Wunna Soe

Unicode

ဒါဖတ်ပြီးမှ လမ်းဘေးဈေးသည်တွေကို သနားကြပါ

ရန်ကုန်က လမ်းဘေးဈေးသည်တွေရဲ့ တကယ့် သရုပ်မှန်

ဒါဖတ်ပြီးမှ လမ်းဘေးဈေးသည်တွေကို သနားပါ။

ရန်ကုန်မြို့လယ်က အိမ်ဆိုင်တွေဟာ ဆိုင်ခန်းငှါးခ ၁၀သိန်း၊ ၁၅သိန်း ပေးရပေမယ့် ကိုယ့်ဆိုင် မျက်နှာစာကို ကိုယ်မပိုင်ပါဘူး။ လမ်းဘေးဈေးသည်က တပြားမှ မပေးရပေမယ့် ကိုယ့်ဆိုင် မျက်နှာစာကို သူတို့ ပိုင်ပါတယ်။

အိမ်ဆိုင်တွေကို ကြည့်လိုက်ရင် လမ်းဘေးဈေးသည် တွေရဲ့ ထီးတွေ၊ စားပွဲတွေနဲ့ ကွယ်နေပါတယ်။ လမ်းသွားလမ်းလာ တွေ သွားရင်းလာရင်း ဝင်ကြည့်ဖို့ နေနေသာသာ တကူးတက လာတဲ့လူတောင် ဆိုင် မမြင်ရလို့ မနည်းကို ရှာနေရပါတယ်။

ဆိုင်ခန်းရယ်လို့ ဖြစ်လာတာနဲ့ လုပ်ငန်းလိုင်စင် စလုပ်ရပါတယ်။ လုပ်ငန်း ဖြစ်သွားတာနဲ့ မီတာခကလည်း ၃ ဆ တက်ပါ တယ် ။ လမ်းဘေးဈေးသည်က လိုင်စင် လုပ်စရာမလို၊ မီတာ တက်စရာလည်း မလိုပါ။

အိမ်ဆိုင်တွေက တရက် ၁ သောင်း၊ ၂ သောင်း ရအောင် မနည်းရောင်းနေရ ပေမယ့် ဝင်ငွေခွန်၊ အမြတ်ခွန်တွေ ဆောင်ရပါ တယ်။ လမ်းဘေးဈေးသည်တွေက တစ်ရက်ကို သိန်းချီ ရောင်းရပေမယ့် လိုင်းကြေးလောက်ပဲ ပေးကြရတာပါ။ (လိုင်းကြေး က အိပ်ကပ်ထဲ ရောက်တာပါ။ နိုင်ငံတော် ဘဏ္ဍာထဲ မရောက်ပါ။)

အရင်းအနှီး၊ လစဉ် အကုန်အကျ များလွန်းတဲ့ အတွက် ဝန်ထမ်းလေး ၂ ယောက်လောက် ငှါးဖို့ ချိန်ဆ စဉ်းစားနေရ ချိန်မှာ.. လမ်းဘေးဈေးသည်က စားပွဲထိုး ၇ ယောက်၊ ၈ ယောက်ကို ခေါ်ထားနိုင် ပါတယ်။

လမ်းဘေး ကွမ်းဆိုင်တွေ ထွေးခဲ့သမျှ ကွမ်းတံတွေးတွေ ညတိုင်း ကိုယ့်ဆိုင်ရှေ့ကိုယ် ဆေးရပါတယ်။ လမ်းဘေး ဈေးသည်တွေ ဖွခဲ့သမျှ အမှိုက်တွေ ကြားမှာ.. အိမ်ဆိုင်တွေက အမှိုက်ခွန် ဆောင်နေကြ ရပါတယ်။

အိမ်ဆိုင်တွေက ရေခွန် လစဉ် ဆောင်ရပါတယ်။ လမ်းဘေးဈေးသည်တွေက (ဘယ်သူ တပ်ထားပေးမှန်း မသိတဲ့) ရေဘုံဘိုင်းခေါင်းတွေ ကနေ ရေအလကား သုံးလို့ ရပါတယ်။

လမ်းဘေးဈေးသည်တွေက တနေ့လုပ်မှ တနေ့စားရတာ..တဲ့။ ဟုတ်လား?? ရပ်ကွက်ထဲက သူတို့ အိမ်ရှေ့မှာ မရောင်းပဲ၊ မြို့ထဲက ပလက်ဖောင်းမှာပဲ ဘာလို့ လာရောင်းကြလဲ? သိလား?? ဘာဖြစ်လို့လဲ ဆိုတော့.. မြို့ထဲမှာက ၁၀၀ တန်ကို ၅၀၀ ရောင်းလို့ ရတယ်။ ၁၀၀၀ ရောင်းလို့ ရတယ်။

ဘာအခွန်အခမှ မကုန်ကျပဲ ၅ဆ၊ ၁၀ဆ မြတ်တဲ့ လမ်းဘေး ဈေးသည်တွေ က ရွှေတွဲလွဲ၊ ငွေတွဲလွဲနဲ့ မြို့လည်ခေါင်မှာ တိုက်ခန်းတွေ ၁ ခန်းပြီး၊ ၁ ခန်း ဝယ်နေချိန်မှာ အိမ်ဆိုင်တွေ ကတော့ ဆိုင်ခန်းခနဲ့ ဝန်ထမ်းခ ကိုတောင် မနဲ ရှာနေကြရ ပါတယ်။

လမ်းဘေးကွမ်းဆိုင်တွေ ဆိုလည်း အိမ်ဝယ်လိုက် ကားဝယ်လိုက် ကြီးပွားသွား ကြတာ.. ဝင်ငွေခွန်၊ အမြတ်ခွန်၊ သန့်ရှင်းရေး ခွန်များ ဆောင်ရတယ်လို့ ကြားဖူးလို့ လားဗျာ? လမ်းဘေးမို့လို့ ဆိုင်ခန်းခတောင် ပေးစရာ မလိုပါဘူး။

ဒီလို တရားမျှတမှု မရှိတဲ့ စံနစ်ဆိုး၊ အကျင့်ဆိုးဒါဏ်တွေ ဒီဖက်ခေတ်မှာ မရှိသင့်တော့ ပါဘူး။ စည်ပင်ကို တိုင်တော့ ရပ်ကွက်လူကြီးနဲ့ ပြောပါဆိုပြီး လွှဲချတယ်။ ရပ်ကွက်လူကြီး သွားပြောတော့ စည်ပင်ကို ပြောပါလို့ ဘောလီဘော ထပ်ပုတ်တယ်။ ဘယ်သူ့ကို တိုင်ရမှန်းလည်း မသိပါ။

စည်ပင် စည်းကမ်းထိန်းသိမ်းရေးကား လိုက်ဖမ်းပြန်တော့လည်း လိုင်းကြေး ယူထားတဲ့ ဝန်ထမ်းက ကြို သတိပေးထား တယ်။ ကားလာတာနဲ့ လမ်းဘေးဈေးသည်တွေက ကြက်ပျောက် ငှက်ပျောက်ပါပဲ။

နေရာနဲ့တကွ စနစ်တကျ တိုင်ပြန်တော့.. တိုင်စာပို့တဲ့လူနဲ့ ဆိုင်ခန်းကို စည်ပင်ဝန်ထမ်းရယ်၊ ရပ်ကွက်လူကြီးရယ်၊ လမ်းဘေးဈေးသည် ရယ်က အငြိုးထားပြီး ဒုက္ခပြန်ပေးတတ်လို့ မတိုင်ရဲကြ ပြန်ပါဘူး။

ကမ်းနား ညဈေးတွေ ဖော်ဆောင်လိုက်လို့ လမ်းဘေးဈေးသည်တွေ မရှိတော့ဘူးတဲ့.. ဟုတ်လား?? ကွီးဖြိုးရဲ့ မြို့တော် ခန်းမ အနီးက ဆူးလေစကွဲ ခုံးကျော်တဝိုက် မှာတင် လာကြည့်ပါ။ ၃ မိနစ်လောက် လျှောက်လိုက်ရင် ဘားလမ်းမှာ လာကြည့်ပါ။

၅မိနစ်လောက် ထပ်လျောက်လိုက်ရင် ဆိပ်ကမ်းသာလမ်း၊ ဗိုလ်အောင်ကျော်လမ်းတွေမှာ လာကြည့်လိုက်ပါ။ တကယ်တော့ ကွီးဖြိုးဟာ တရုတ်တန်းကိုပဲ ကမ်းနားရွှေ့နိုင်တာပါ။ ကုလားတန်းတို့၊ ဘာတန်း၊ ညာတန်းတို့တော့ မရွှေ့နိုင် ခဲ့ပါဘူး။

နိုင်ငံတော် စီးပွားရေး တိုးတက်စေချင်ရင် အသေးစား စက်မှုလက်မှုလုပ်ငန်း SME တွေ တွင်ကျယ်အောင် လုပ်ရမယ်..တဲ့။ လောလောဆည်တော့.. အသေးစား အိမ်ဆိုင်လေးတွေတောင် လမ်းဘေးဈေးသည်နဲ့ ယှဉ်ပြီး ပလက်ဖောင်းပေါ် ဆင်းရောင်း ရမလို ဖြစ်နေပါတယ်။

ဘယ်ကိုတိုင်ရမှန်း မသိတော့လို့ တာဝန် ရှိသူတွေ မြင်အောင် ရှဲ သွားပေးကြပါဗျာ။

Wunna Soe

Post Views: 1

LEAVE A REPLY

Please enter your comment!
Please enter your name here

Linda Barbara

Lorem ipsum dolor sit amet, consectetur adipiscing elit. Vestibulum imperdiet massa at dignissim gravida. Vivamus vestibulum odio eget eros accumsan, ut dignissim sapien gravida. Vivamus eu sem vitae dui.

Recent posts

Suilli ရဲ႕ ေသဆံုးမွုကို မွတ္ခ်က္ေပးမိလို႔ ပရိသတ္ေတြေဝဖန္တာခံေနရတဲ့ ေဇရဲထက္

ေတာင္ကိုးရီးယားႏိုင္ငံရဲ႕ အဆိုေတာ္မေလး Suilli ရဲ႕ ေသဆံုးမွုသတင္းဟာ သူမပရိသတ္ေတြအတြက္ အေတာ္ေသြးပ်က္ေစခဲ့ပါတယ္။ သူမ ေသဆံုးသြားတယ္ဆိုတဲ့ သတင္းဟာ ယေန႔ မနက္ပိုင္းက စတင္ထြက္ေပၚလာခဲ့တာျဖစ္ျပီးေတာ့ ရဲေတြကလည္း သူမေသဆံုးသြားျပီျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့တဲ့ေနာက္မွာေတာ့ Suilli တစ္ေယာက္ ပရိသတ္ေတြကို ခြဲခြာႏွုတ္ဆက္သြားျခင္းဟာ အမွန္တကယ္ျဖစ္ေၾကာင္း လက္ခံခဲ့ၾကရပါတယ္။ Suilli ဟာ သူမအိမ္ရဲ႕...

ေနျပည္ေတာ္ ျမိဳ႕မေစ်းတြင္ မီးေလာင္မွုျဖစ္ပြားလ်က္ရွိ

ေနျပည္ေတာ္ရွိ အထင္ကရေနရာတစ္ခုျဖစ္တ့ဲ ျမိဳ႕မေစ်းတြင္ ၁၄.၁၀.၂၀၁၉ ညပိုင္း (၁၀) နာရီခန္႔မွစျပီး မီးေလာင္မွုျဖစ္ပြားလ်က္ရွိေၾကာင္း သိရွိရပါတယ္။ မီးသတ္ဌာနကေတာ့ မီးေလာင္မွုအဆင့္ကို Level 1 အဆင့္သတ္မွတ္ထားျပီး မီးျငိမ္းသတ္မွုလုပ္ငန္းစဥ္မ်ား ေဆာင္ရြက္လ်က္ရွိေနပါတယ္။ ေနျပည္ေတာ္ျမိဳ႕မေစ်းသည္ အထင္ကရ ေစ်းတစ္ခုျဖစ္ျပီး အစိုးရဝန္ထမ္းမ်ား အမ်ားအားျဖင့္ လာေရာက္ဝယ္ယူၾကေသာ ေစ်းၾကီးတစ္ခုလည္းျဖစ္သည္။ မီးေလာင္မွုျဖစ္စဥ္ႏွင့္ ပ်က္စီးဆံုးရွံုးမွုမ်ားကိုေတာ့ မသိရွိရေသးေပ။

သီတင္းကြ်တ္လာကန္ေတာ့တဲ့ သားတပည့္ေအာင္ေရခ်မ္းကို အႏုပညာေသြးေတြ သြင္းေပးခဲ့တယ္ဆိုတဲ့ မို႔မို႔ျမင့္ေအာင္

သ႐ုပ္ေဆာင္ မို႔မို႔ျမင့္ေအာင္ကေတာ့ အကယ္ဒမီဆုေပါင္မ်ားစြာကိုရရွိထားတဲ့ စြယ္စုံရ အနပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။သူမကေတာ့ ပရိသတ္ေတြရဲ႕ရင္ထဲကိုရစုႏွစ္ေပါင္းမ်ားစြာ ေနရာယူထားတဲ့ ပရိသတ္အခ်စ္ေတာ္အနပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။သူမကေတာ့ သားတပည့္ျဖစ္တဲ့ ေအာင္ေရခ်မ္းရဲ႕ အနပညာအေပၚ႐ူးသြပ္ပုံကို ခ်ီးက်ဴးလိုက္ပါတယ္။ သူမကေတာ့ ” ဒီေန႔မို႔ရဲ႕သားတပည့္ေအာင္ေရခ်မ္း သီတင္းကြၽတ္ လာကန္ေတာ့တယ္။သူကနကိုယ္သ႐ုပ္ေဆာင္ေတာ္ၿပီးသားပါ။ဒါေပမဲ့အႏုပညာပို႐ူးသြပ္ေအာင္ဇတ္ေကာင္စ႐ိုက္ပူးကပ္လို႔လြယ္ကူေအာင္ အႏုပညာေသြးေတြသြင္းေပးခဲ့ပါတယ္။ယခုလာမယ့္ ၈-၁၁-၂၀၁၉ေန႔႐ုံတင္မယ့္ ႐ိုးမေပၚက်တဲ့မ်က္ရည္ ဇတ္ကား ဟာ မို႔သင္ေပးၿပီးမွ စ ႐ိုက္တဲ့ကားပါ။ သူမကေတာ့...

သင့္အိမ္ထဲမွာ မေကာငး္တဲ့ အေမွာင့္ပေယာဂေတြရွိမွန္း သိႏိုင္မယ့္ လကၡဏာ (၆) မ်ိဳး

တစ္ခါတေလ ဘာလုပ္လုပ္ အဆင္မေျပတာမ်ိဳး၊ စိတ္ေတြေနာက္က်ိျပီး ေနရထုိင္ရမေကာင္းတာမ်ိဳး၊ မၾကာခဏဖ်ားနာတာမ်ိဳးေတြဒါမွမဟုတ္ အိမ္တစ္အိမ္ကုိဝင္လိုက္တာနဲ႔ စိတ္ထဲမွာ တစ္မ်ိဳးၾကီးခံစားရတာမ်ိဳး ျဖစ္ဖူူးပါသလား။ ဒါဆိုရင္ေတာ့ အဲ့ဒီ့အိမ္ထဲမွာ အညံ့ေတြ၊ မေကာငး္တဲ့အေမွာင့္ပေယာဂေတြရွိေနလို႔ျဖစ္ႏိုင္ျပီး ၾကံဳေတြ႕ရမယ့္ လကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ (၁) ပင္ပနး္ႏြမး္နယ္ျခင္း တစ္ခါတေလမွာ အျပင္ကျပန္လာလို႔ ပင္ပန္းႏြမး္နယ္တာမ်ိဳးကေတာ့ သဘာဝပါပဲ။ ဒါေပမယ့္လည္း ေနရင္းထုိင္ရင္းနဲ႔ ေန႕တိုင္းလိုလို...

ပထမအခ်ီမွာတင္ ရွံုးခဲ့တဲ့ ဖိုးေသာ္ကို အားေပးစကားေျပာခဲ့တဲ့ ႏွစ္ထပ္ကြမ္း ေရႊခါးပတ္ပိုင္ရွင္ ေအာင္လအန္ဆန္း

ဖိုး ဘူရွီဒို ေသာ္ တစ္ေယာက္ ျပန္လာႏိုင္မလား…သူ႔ကို အားေပးေနဆဲ ပရိသတ္ေတြ အတြက္ အေကာင္းဆုံး ဆက္ႀကိဳးစားမယ္ ဆိုတဲ့ ဖိုးေသာ္။ ျမန္မာျပည္က သိုင္းေပါင္းစံု ကစားသမား ဘူရွီဒို ဖိုးေသာ္ ဟာ ေအာက္တိုဘာ ၁၃ ရက္ ေန႔က ဂ်ပန္ႏိုင္ငံ တိုက်ိဳ ၿမိဳ႕ေတာ္မွာ...

Recent comments