Home Lifestyle မျက်လုံးတွေ မို့နေ၊ ရောင်နေရခြင်းရဲ့ အကြောင်းအရင်းများနှင့် သတိထားသင့်သော အချက်များ
မျက်လုံးတွေ မို့နေ၊ ရောင်နေရခြင်းရဲ့ အကြောင်းအရင်းများနှင့် သတိထားသင့်သော အချက်များ
Author
Date
Category
မျက်လုံးတွေ မို့နေ၊ ရောင်နေရခြင်းရဲ့ အကြောင်းအရင်းများနှင့် သတိထားသင့်သော အချက်များ
မျက်လုံးမို့တာက အိပ်ရေးပျက်တာကြောင့် ဖြစ်နိုင်သလို အဆိုးဆုံးအနေနဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်းအလွန်အကျွံ မို့ဖောင်းနေတတ်ပါတယ်။မျက်လုံး ရောင်တာ၊ နာတာတွေကတစ်ခုခုနဲ့ဓာတ်မတည့်တာတွေ ထိခိုက်ဒဏ်ရာရတာတွေကြောင့် ဖြစ်နိုင်ပါတယ်။မျက်လုံးမို့တဲ့၊ မျက်လုံးရောင်တဲ့ နာတဲ့အခါဒီလိုလက္ခဏာတွေ ဖြစ်ပေါ်ခံစားနေရသလားသတိထားပြီးကြည့်ပါ။
မျက်လုံး ယားယံတာ အထဲမှာ တစ်ခုခု ဝင်နေသလိုဖြစ်သလား။အလင်းမကြည့်နိုင်ဘူး။မျက်ရည်ပူတွေ ထွက်မယ်။အမြင်အာရုံ ထိခိုက်မယ်။မျက်လုံး နီမယ်၊မျက်သားတွေ ရဲတက်နေမယ်။
မျက်ဝတ်တွေ အများကြီးထွက်မယ်။
မျက်သားခြောက်သလို ခံစားရမယ်။မျက်လုံးတွေ နာမယ်။
ဓာတ်မတည့်တာတွေဆိုရင်တစ်ကိုယ်လုံး အကွက်တွေထပြီးယားသလို မျက်လုံးအိမ်ပါမို့ပြီး ရဲတက်လာကာ မျက်ရည်ပူတွေပါတရစပ်ကျပါတယ်။
မျက်လုံးထောင့်စွန်းမျက်ခွံတွေမှာဖြစ်တတ်တဲ့ထိရင်အရမ်းနာတဲ့ အဖုသေးသေးလေးတွေကမျက်ရည်အိတ်ဂလင်းလေးတွေဘက်တီးရီးယားပိုးဝင်ပြီး ရောင်လို့ဖြစ်တာပါ။မျက်စဉ်းကောင်းကောင်းနဲ့ ပျောက်တတ်ပါတယ်။
မျက်ရည်အိတ်ဂလင်းလေးတွေ အဆီတွေ ပိတ်ဆို့လို့ဖြစ်တဲ့မျက်ခွွံက မာမာခဲခဲဘုလေးကတော့အရွယ်အစားပေါ် မူတည်ပြီးတစ်ခါတလေ ခွွဲထုတ်ဖို့ လိုတတ်သလို ရေနွေးဝတ်လေး အုပ်ပေးရုံနဲ့ သူ့အလိုလို ပျောက်ကင်း သက်သာသွားတတ်တာလည်း ရှိပါတယ်။
မျက်ကပ်မှန်တွေကလည်း မျက်လုံး ရောင်တာ၊ နာတာတွေ ဖြစ်တတ်ပါသေးတယ်။
မျက်တောင်လေးတွေရဲ့အခြေက အဆီဂလင်းလေးတွေပိတ်ရင်လည်း မျက်လုံး ရောင်တတ်၊ နာတတ်ပါတယ်။
မျက်လုံးမှာ ရေယုန်ဖြစ်နိုင်လား ဖြစ်နိုင်ပါတယ်။ မျက်လုံးထဲမှာအနာဖြစ်ပြီး အမာရွတ်မာမာအနေနဲ့ ကျက်သွားပါတယ်။အမြင်အာရုံကိုထိန်းသိမ်းဖို့ မျက်ကြည်လွှာအစားထိုးကုသရတဲ့အထိ ဖြစ်တတ်ပါတယ်။
မျက်လုံးအခြေအနေတွေထဲမှာ ကြောက်စရာအကောင်းဆုံးကတော့ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တဲ့ မျက်လုံးရောင်ကိုင်းအဆိပ်တက်ရောဂါဖြစ်ပါတယ်။ မျက်လုံးကအလွန်အကျွံ ရောင်ကိုင်းလာပြီးမျက်ရည်ပူတွေကျနာကျင်တဲ့အပြင် မျက်စိလုံးဝမမြင်ရတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။
အင်းဆက်ကိုက်တာ မျက်လုံးတွင်းဖုလေးတွေကနေထပ်ဆင့်ပိုးဝင်တာ မျက်သားရောင်တာတွေကနေဆိုးသွားတဲ့အဆင့်လို့ ဆိုနိုင်ပါတယ်။ဘာအကြောင်းကြောင့်ပဲမျက်လုံးရောင်ရောင် မပေါ့သင့်ဘူးလို့ သတိပေးနေရတာ မျက်လုံးလုံးဝကွယ်နိုင်တဲ့ဒီနောက်ဆက်တွဲရောဂါကြောင့် ဖြစ်ပါတယ်။ ချက်ချင်းပဋိဇိဝဆေးသွင်း ကုသရတဲ့အတွက်အရေးပေါ် ဆေးရုံတက်ရောက်ဖို့လိုအပ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Zawgyi
မျက်ရည်အိတ်ဂလင်းလေးတွေ အဆီတွေ ပိတ်ဆို့လို့ဖြစ်တဲ့မျက်ခွံက မာမာခဲခဲဘုလေးကတော့အရွယ်အစားပေါ် မူတည်ပြီးတစ်ခါတလေ ခွဲထုတ်ဖို့ လိုတတ်သလို ရေနွေးဝတ်လေး အုပ်ပေးရုံနဲ့ သူ့အလိုလို ပျောက်ကင်း သက်သာသွားတတ်တာလည်း ရှိပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here
Linda Barbara
Lorem ipsum dolor sit amet, consectetur adipiscing elit. Vestibulum imperdiet massa at dignissim gravida. Vivamus vestibulum odio eget eros accumsan, ut dignissim sapien gravida. Vivamus eu sem vitae dui.
Recent posts
Suilli ရဲ့ သေဆုံးမှုကို မှတ်ချက်ပေးမိလို့ ပရိသတ်တွေဝေဖန်တာခံနေရတဲ့ ဇေရဲထက်
တောင်ကိုးရီးယားနိုင်ငံရဲ့ အဆိုတော်မလေး Suilli ရဲ့ သေဆုံးမှုသတင်းဟာ သူမပရိသတ်တွေအတွက် အတော်သွေးပျက်စေခဲ့ပါတယ်။ သူမ သေဆုံးသွားတယ်ဆိုတဲ့ သတင်းဟာ ယနေ့ မနက်ပိုင်းက စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီးတော့ ရဲတွေကလည်း သူမသေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တဲ့နောက်မှာတော့ Suilli တစ်ယောက် ပရိသတ်တွေကို ခွဲခွာနှုတ်ဆက်သွားခြင်းဟာ အမှန်တကယ်ဖြစ်ကြောင်း လက်ခံခဲ့ကြရပါတယ်။ Suilli ဟာ သူမအိမ်ရဲ့...
နေပြည်တော် မြို့မဈေးတွင် မီးလောင်မှုဖြစ်ပွားလျက်ရှိ
နေပြည်တော်ရှိ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မြို့မဈေးတွင် ၁၄.၁၀.၂၀၁၉ ညပိုင်း (၁၀) နာရီခန့်မှစပြီး မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါတယ်။ မီးသတ်ဌာနကတော့ မီးလောင်မှုအဆင့်ကို Level 1 အဆင့်သတ်မှတ်ထားပြီး မီးငြိမ်းသတ်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိနေပါတယ်။ နေပြည်တော်မြို့မဈေးသည် အထင်ကရ ဈေးတစ်ခုဖြစ်ပြီး အစိုးရဝန်ထမ်းများ အများအားဖြင့် လာရောက်ဝယ်ယူကြသော ဈေးကြီးတစ်ခုလည်းဖြစ်သည်။ မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုများကိုတော့ မသိရှိရသေးပေ။
သီတင်းကျွတ်လာကန်တော့တဲ့ သားတပည့်အောင်ရေချမ်းကို အနုပညာသွေးတွေ သွင်းပေးခဲ့တယ်ဆိုတဲ့ မို့မို့မြင့်အောင်
သရုပ်ဆောင် မို့မို့မြင့်အောင်ကတော့ အကယ်ဒမီဆုပေါင်များစွာကိုရရှိထားတဲ့ စွယ်စုံရ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့ ပရိသတ်တွေရဲ့ရင်ထဲကိုရစုနှစ်ပေါင်းများစွာ နေရာယူထားတဲ့ ပရိသတ်အချစ်တော်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့ သားတပည့်ဖြစ်တဲ့ အောင်ရေချမ်းရဲ့ အနပညာအပေါ်ရူးသွပ်ပုံကို ချီးကျူးလိုက်ပါတယ်။ သူမကတော့ ” ဒီနေ့မို့ရဲ့သားတပည့်အောင်ရေချမ်း သီတင်းကျွတ် လာကန်တော့တယ်။သူကနကိုယ်သရုပ်ဆောင်တော်ပြီးသားပါ။ဒါပေမဲ့အနုပညာပိုရူးသွပ်အောင်ဇတ်ကောင်စရိုက်ပူးကပ်လို့လွယ်ကူအောင် အနုပညာသွေးတွေသွင်းပေးခဲ့ပါတယ်။ယခုလာမယ့် ၈-၁၁-၂၀၁၉နေ့ရုံတင်မယ့် ရိုးမပေါ်ကျတဲ့မျက်ရည် ဇတ်ကား ဟာ မို့သင်ပေးပြီးမှ စ ရိုက်တဲ့ကားပါ။ သူမကတော့...
သင့်အိမ်ထဲမှာ မကောင်းတဲ့ အမှောင့်ပယောဂတွေရှိမှန်း သိနိုင်မယ့် လက္ခဏာ (၆) မျိုး
တစ်ခါတလေ ဘာလုပ်လုပ် အဆင်မပြေတာမျိုး၊ စိတ်တွေနောက်ကျိပြီး နေရထိုင်ရမကောင်းတာမျိုး၊ မကြာခဏဖျားနာတာမျိုးတွေဒါမှမဟုတ် အိမ်တစ်အိမ်ကိုဝင်လိုက်တာနဲ့ စိတ်ထဲမှာ တစ်မျိုးကြီးခံစားရတာမျိုး ဖြစ်ဖူးပါသလား။ ဒါဆိုရင်တော့ အဲ့ဒီ့အိမ်ထဲမှာ အညံ့တွေ၊ မကောင်းတဲ့အမှောင့်ပယောဂတွေရှိနေလို့ဖြစ်နိုင်ပြီး ကြုံတွေ့ရမယ့် လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ပင်ပန်းနွမ်းနယ်ခြင်း တစ်ခါတလေမှာ အပြင်ကပြန်လာလို့ ပင်ပန်းနွမ်းနယ်တာမျိုးကတော့ သဘာဝပါပဲ။ ဒါပေမယ့်လည်း နေရင်းထိုင်ရင်းနဲ့ နေ့တိုင်းလိုလို...
ပထမအချီမှာတင် ရှုံးခဲ့တဲ့ ဖိုးသော်ကို အားပေးစကားပြောခဲ့တဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ်ပိုင်ရှင် အောင်လအန်ဆန်း
ဖိုး ဘူရှီဒို သော် တစ်ယောက် ပြန်လာနိုင်မလား…သူ့ကို အားပေးနေဆဲ ပရိသတ်တွေ အတွက် အကောင်းဆုံး ဆက်ကြိုးစားမယ် ဆိုတဲ့ ဖိုးသော်။ မြန်မာပြည်က သိုင်းပေါင်းစုံ ကစားသမား ဘူရှီဒို ဖိုးသော် ဟာ အောက်တိုဘာ ၁၃ ရက် နေ့က ဂျပန်နိုင်ငံ တိုကျို မြို့တော်မှာ...
Recent comments