Zawgyicodeျဖင့္ဖတ္ရန္

လစဥ္ လဆန္း (၁)ရက္မွ (၅)ရက္အတြင္း လွ်ပ္စစ္၀န္ထမ္းမ်ားက အိမ္တုိင္ရာေရာက္မီတာလာဖတ္မည္ျဖစ္ၿပီး ဓာတ္ အားသံုးစြဲသူမ်ားကိုယ္တိုင္ ဝန္ထမ္းမ်ားႏွင့္မ်က္ျမင္ဖတ္ရႈမွတ္တမ္းတင္၍ မွန္ကန္ေၾကာင္းလက္မွတ္ေရးထိုးေပး ေစ လိုေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC)မွ ဇြန္လ ၂၉ရက္ေန႔တြင္ အသိေပး ထုတ္ျပန္ ထားသည္။

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ ေနအိမ္သုံးႏွင့္ စီးပြားေရးလုပ္ငန္းသံုး (စက္မႈလုပ္ငန္းမ်ားသုံး) ဓာတ္အားခ ႏႈန္းထားမ်ားကုိ လာမည့္ ဇူလိုင္ ၁ ရက္မွ စ တင္ၿပီး တိုးျမွင့္ေကာက္ခံမည္ျဖစ္ေၾကာင္း ဇြန္လ ၂၅ရက္ေန႔တြင္ နုိင္ ငံပုိင္ သတင္းစာမွ တဆင့္ ထုတ္ျပန္ခဲ့သည္။ လွ်ပ္စစ္ဓါတ္အားႏႈန္းထားမ်ား ျပင္ဆင္သတ္မွတ္အရ ေနအိမ္သံုး၊ အိမ္ သံုးပါ၀ါ၊ တလံုးတခဲတည္း(အိမ္သံုး)ႏွင့္ စီပြား ေရး လုပ္ငန္း မပါသည့္ ဘာသာ/သာသနာ အေဆာက္အအံုစသည့္ ၄ မ်ဳိးအတြက္ ဓာတ္အားခႏႈန္းထားမ်ားကို ၁ ယူနစ္ကေန ၃၀ အထိ ၃၅ က်ပ္၊ ၃၁ ယူနစ္ကေန ၅၀ အထိ ၅၀ က်ပ္၊ ၅၁ ယူနစ္ ကေန ၇၅ အထိ ၇၀ က်ပ္၊

၇၆ ယူနစ္ကေန ၁၀၀ အထိ ၆၀ က်ပ္၊ ၁၀၁ ယူနစ္ကေန ၁၅၀ အထိ ၁၁၀ က်ပ္၊ ၁၅၁ ယူနစ္ကေန ၂၀၀ အထိ ၁၂၀ က်ပ္ႏွင့္၂၀၁ ယူနစ္အထက္ကို ၁၂၅ က်ပ္ေကာက္ခံ မည္ျဖစ္ၿပီး အိမ္သံုးမ ဟုတ္ သည့္ စက္မႈလုပ္ငန္း၊ စီးပြားေရးလုပ္ငန္း၊ ႏိုင္ငံပိုင္စီးပြားေရး လုပ္ငန္းမ်ား၊ အစိုးရဌာနဆိုင္ရာအဖြဲ႔ အ စည္းမ်ား၊ NGO၊ ႏုိင္ငံျခားသံရုံး၊ ႏုိင္ငံတကာအဖြဲ႔အစည္းမ်ား စသည့္ အမ်ဳိးအစားမ်ားကို ၁ ယူနစ္မွ ယူနစ္ ၅၀၀ အထိ ၁၂၅ က်ပ္ စတင္ ေကာက္ခံမည္ ျဖစ္ၿပီး သံုးစြဲသည့္ ယူနစ္ အလိုက္ အဆင့္ဆင့္တိုးျမႇင့္ ေကာက္ခံမည္ျဖစ္ၿပီး ယူနစ္ ၁ သိန္းေက်ာ္ရင္လွ်င္ ၁၈၀ က်ပ္ အျမင့္ဆံုး ေကာက္ခံမည္ ျဖစ္ေၾကာင္း သိရသည္။

ထုိ႔ေၾကာင့္ လွ်ပ္စစ္ဓာတ္အားသံုးစြဲသူမ်ား၏ ဇြန္လကုန္အထိ သံုးစြဲေသာ ဓာတ္အားခမ်ားကို ဇူလိုင္လ ၁ရက္မွ ၅ ရက္အတြင္း ဖတ္ရႉ၍ ယခင္ႏႈန္းထားေဟာင္းျဖင့္ တြက္ခ်က္ ေကာက္ခံမည္ ျဖစ္ၿပီး ယင္းေနာက္ပုိင္း ဇူလိုင္ လ အ တြက္သံုးစြဲမႈမ်ားကို ဩဂုတ္လ ၁ရက္မွ ၅ရက္ အတြင္းဖတ္ရႈ၍ ျပင္ဆင္ထားေသာ ႏႈန္းထားအသစ္ျဖင့္ တြက္ခ်က္ ေတာင္းခံသြားမည္ ျဖစ္ေၾကာင္း YESC က အသိေပး ထုတ္ျပန္ထားသည္။

ယင္းသုိ႔ တြက္ခ်က္ေတာင္းခံရာတြင္ မွန္ကန္မႈရွိေစေရး၊ ဓာတ္အားသံုးစြဲ သူမ်ား၏ ေနအိမ္တြင္ တပ္ဆင္ထားေသာ မီတာ အားလံုး ကို YESC(ရံုးခ်ဳပ္)မွ ႀကီးၾကပ္ၿပီး ခရိုင္လၽွပ္စစ္မန္ေနဂ်ာရံုးႏွင့္ ၿမိဳနယ္လၽွပ္ စစ္မန္ေနဂ်ာရံုးမွ ဝန္ထမ္းမ်ား ကိုယ္တိုင္ လစဥ္မီတာဖတ္ရက္ျဖစ္ေသာ (လဆန္း၁ရက္မွ ၅ရက္အတြင္း)အိမ္တိုင္ရာေရာက္ ဖတ္ရႈစစ္ေဆး သြားမည္ ျဖစ္၍ အဆုိပါ မီတာဖတ္ရက္အတြင္း လာေရာက္ ဖတ္ရႈ.စစ္ေဆးေသာမီတာမ်ား၏ မီတာျပဂဏန္းမ်ားကို ဓာတ္အား သံုးစြဲသူမ်ားကိုယ္တိုင္ဝန္ထမ္းမ်ားႏွင့္မ်က္ျမင္ဖတ္ရႈ.မွတ္တမ္းတင္၍ မွန္ကန္ေၾကာင္း လက္မွတ္ေရးထိုးေပးေစ လိုေၾကာင္း YESC က အသိေပးထားသည္။

ထုိ႔အျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဓာတ္တိုင္ေပၚတြင္ မီတာတပ္ဆင္ၿပီး (HHU) မီတာဖတ္သည့္ ကိရိယာျဖင့္ ဖတ္ရွ ၍ ကြန္ပ်ဴတာစနစ္ျဖင့္ ေဆာင္ရြက္ေနေသာ မီတာမ်ား၏ မီတာဖတ္ရက္ကာလအတြင္း ဖတ္ရႈခ်က္မ်ားကို ဓာတ္အားသံုးစြဲ သူမ်ား သိရွိႏိုင္ရန္ မီတာဖတ္ၿပီး ေနာက္ရက္တေန႕တြင္ မီတာဖတ္သည့္ နယ္ေျမရွိ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးထံသို႔ ေပးပို႔ အပ္ႏွံထားဟုလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထုိ႔သုိ႔ မီတာဖတ္စာေရးမ်ားကို တာဝန္ေပးအပ္ထား ေသာ္လည္း အေၾကာင္းေၾကာင္းေၾကာင့္ လာေရာက္ဖတ္ရႈျခင္း မျပဳပါ က သက္ဆိုင္ရာ ၿမိဳ.နယ္လၽွပ္စစ္မန္ေနဂ်ာရံုးမ်ားႏွင့္ YESC Call Center သို႔ အေၾကာင္းၾကား ေစလို ေၾကာင္း ႏွင့္ မီတာ ဖတ္ရက္အတြင္း လွ်ပ္စစ္ဌာနမွ မီတာ လာေရာက္ ဖတ္ရႈျခင္း၊ မီတာဖတ္ခ်က္ အတည္ျပဳ မွတ္တမ္း တင္ျခင္းကို ပူးေပါင္း ေဆာင္ရြက္ေပးပါရန္ YESC ေမတၱာရပ္ခံထားသည္။
Credit DailyHotNews

Unicode

လစဉ် လဆန်း (၁)ရက်မှ (၅)ရက်အတွင်း လျှပ်စစ်၀န်ထမ်းများက အိမ်တိုင်ရာရောက်မီတာလာဖတ်မည်ဖြစ်ပြီး ဓာတ် အားသုံးစွဲသူများကိုယ်တိုင် ဝန်ထမ်းများနှင့်မျက်မြင်ဖတ်ရှုမှတ်တမ်းတင်၍ မှန်ကန်ကြောင်းလက်မှတ်ရေးထိုးပေး စေ လိုကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ဇွန်လ ၂၉ရက်နေ့တွင် အသိပေး ထုတ်ပြန် ထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နေအိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းသုံး (စက်မှုလုပ်ငန်းများသုံး) ဓာတ်အားခ နှုန်းထားများကို လာမည့် ဇူလိုင် ၁ ရက်မှ စ တင်ပြီး တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ဇွန်လ ၂၅ရက်နေ့တွင် နိုင် ငံပိုင် သတင်းစာမှ တဆင့် ထုတ်ပြန်ခဲ့သည်။ လျှပ်စစ်ဓါတ်အားနှုန်းထားများ ပြင်ဆင်သတ်မှတ်အရ နေအိမ်သုံး၊ အိမ် သုံးပါဝါ၊ တလုံးတခဲတည်း(အိမ်သုံး)နှင့် စီပွား ရေး လုပ်ငန်း မပါသည့် ဘာသာ/သာသနာ အဆောက်အအုံစသည့် ၄ မျိုးအတွက် ဓာတ်အားခနှုန်းထားများကို ၁ ယူနစ်ကနေ ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်ကနေ ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ် ကနေ ၇၅ အထိ ၇၀ ကျပ်၊

၇၆ ယူနစ်ကနေ ၁၀၀ အထိ ၆၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၁၅၀ အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်ကနေ ၂၀၀ အထိ ၁၂၀ ကျပ်နှင့်၂၀၁ ယူနစ်အထက်ကို ၁၂၅ ကျပ်ကောက်ခံ မည်ဖြစ်ပြီး အိမ်သုံးမ ဟုတ် သည့် စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၊ အစိုးရဌာနဆိုင်ရာအဖွဲ့ အ စည်းများ၊ NGO၊ နိုင်ငံခြားသံရုံး၊ နိုင်ငံတကာအဖွဲ့အစည်းများ စသည့် အမျိုးအစားများကို ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ် စတင် ကောက်ခံမည် ဖြစ်ပြီး သုံးစွဲသည့် ယူနစ် အလိုက် အဆင့်ဆင့်တိုးမြှင့် ကောက်ခံမည်ဖြစ်ပြီး ယူနစ် ၁ သိန်းကျော်ရင်လျှင် ၁၈၀ ကျပ် အမြင့်ဆုံး ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ ဇွန်လကုန်အထိ သုံးစွဲသော ဓာတ်အားခများကို ဇူလိုင်လ ၁ရက်မှ ၅ ရက်အတွင်း ဖတ်ရှူ၍ ယခင်နှုန်းထားဟောင်းဖြင့် တွက်ချက် ကောက်ခံမည် ဖြစ်ပြီး ယင်းနောက်ပိုင်း ဇူလိုင် လ အ တွက်သုံးစွဲမှုများကို ဩဂုတ်လ ၁ရက်မှ ၅ရက် အတွင်းဖတ်ရှု၍ ပြင်ဆင်ထားသော နှုန်းထားအသစ်ဖြင့် တွက်ချက် တောင်းခံသွားမည် ဖြစ်ကြောင်း YESC က အသိပေး ထုတ်ပြန်ထားသည်။

ယင်းသို့ တွက်ချက်တောင်းခံရာတွင် မှန်ကန်မှုရှိစေရေး၊ ဓာတ်အားသုံးစွဲ သူများ၏ နေအိမ်တွင် တပ်ဆင်ထားသော မီတာ အားလုံး ကို YESC(ရုံးချုပ်)မှ ကြီးကြပ်ပြီး ခရိုင်လျှပ်စစ်မန်နေဂျာရုံးနှင့် မြိုနယ်လျှပ် စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများ ကိုယ်တိုင် လစဉ်မီတာဖတ်ရက်ဖြစ်သော (လဆန်း၁ရက်မှ ၅ရက်အတွင်း)အိမ်တိုင်ရာရောက် ဖတ်ရှုစစ်ဆေး သွားမည် ဖြစ်၍ အဆိုပါ မီတာဖတ်ရက်အတွင်း လာရောက် ဖတ်ရှု.စစ်ဆေးသောမီတာများ၏ မီတာပြဂဏန်းများကို ဓာတ်အား သုံးစွဲသူများကိုယ်တိုင်ဝန်ထမ်းများနှင့်မျက်မြင်ဖတ်ရှု.မှတ်တမ်းတင်၍ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပေးစေ လိုကြောင်း YESC က အသိပေးထားသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်တိုင်ပေါ်တွင် မီတာတပ်ဆင်ပြီး (HHU) မီတာဖတ်သည့် ကိရိယာဖြင့် ဖတ်ရှ ၍ ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်နေသော မီတာများ၏ မီတာဖတ်ရက်ကာလအတွင်း ဖတ်ရှုချက်များကို ဓာတ်အားသုံးစွဲ သူများ သိရှိနိုင်ရန် မီတာဖတ်ပြီး နောက်ရက်တနေ့တွင် မီတာဖတ်သည့် နယ်မြေရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ ပေးပို့ အပ်နှံထားဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့သို့ မီတာဖတ်စာရေးများကို တာဝန်ပေးအပ်ထား သော်လည်း အကြောင်းကြောင်းကြောင့် လာရောက်ဖတ်ရှုခြင်း မပြုပါ က သက်ဆိုင်ရာ မြို.နယ်လျှပ်စစ်မန်နေဂျာရုံးများနှင့် YESC Call Center သို့ အကြောင်းကြား စေလို ကြောင်း နှင့် မီတာ ဖတ်ရက်အတွင်း လျှပ်စစ်ဌာနမှ မီတာ လာရောက် ဖတ်ရှုခြင်း၊ မီတာဖတ်ချက် အတည်ပြု မှတ်တမ်း တင်ခြင်းကို ပူးပေါင်း ဆောင်ရွက်ပေးပါရန် YESC မေတ္တာရပ်ခံထားသည်။
Credit DailyHotNews