သူ အသက် ၂၉ နှစ်ရှိပြီ
ပါးစပ်ပဲလှုပ်နိုင်တယ်ဆိုတာတောင် စကားပီပီ မပြောနိုင်ပါဘူး။
Talent
ရှိုးတစ်ခုမှာုပ်နိုင်တဲ့ လျှာတစ်ခုနဲ့ပဲ
လျှာနဲ စက္ကူလေယာဉ် သင်္ဘောတွေ ခေါက်ပြသွားပါတယ်။
ချွေးသီးသီးကျတော့ ဒိုင်တစ်ယောက်က ချွေးသုတ်ပေးမယ်ဆိုတာတောင် ပေးမလုပ်ပါဘူး.. သူ ကိုယ်တိုင် လုပ်မယ်တဲ့..
.
[embedded content]
သူ… အသက် ၂၉ နှစ်ရှိပြီ
ငယ်ငယ်လေးတည်းက ပါးစပ်ကလွဲပြီး တစ်ကိုယ်လုံး မလှုပ်နိုင်ပါဘူး… ဦးနှောက်ပျက်ရောဂါရခဲ့လို့ပါ။
ပါးစပ်ပဲလှုပ်နို်ုင်တယ်ဆိုတာတောင် စကားပီပီ မပြောနိုင်ပါဘူူး။
Talent ရှိုးတစ်ခုမှာ လှုပ်နိုင်တဲ့ လျှာတစ်ခုနဲ့ပဲ
သူ ပြိုင်ပွဲလာဝင်ပါတယ်။
လျှာနဲ့ စက္ကူလေယာဉ်… သင်္ဘောတွေ ခေါက်ပြသွားပါတယ်။
အဲဒီလို ခေါက်နေချိန်မှာ သူ့အတွက် ခက်ခဲ ပင်ပန်းလွန်းလို့
ချွေးသီးသီးကျတော့ ဒိုင်တစ်ယောက်က ချွေးသုတ်ပေးမယ်ဆိုတာတောင် ပေးမလုပ်ပါဘူး.. သူ ကိုယ်တိုုင် လုပ်မယ်တဲ့..
အဲဒီပြိုင်ပွဲမှာ ဖိုင်နယ်အထိ သူဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။
ဖိုင်နယ်ပြိုင်ပွဲမှာ နာရီဝက်အတွင်း သူ့လျှာနဲ့ ငှက်ရုပ်လေးနှစ်ရုပ် တစ်ပြိုင်တည်းခေါက်ပြီး အပ်နဲ့ အပ်ချည်ကို သုံးပြီး အဲငှက်ရုပ်နှစ်ရုပ်ကို သီလိုက်ပါသေးတယ်။ နောက်ဆုံးမှာ အမှတ်အများဆုံးနဲ့ သူ ဗိုလ်စွဲသွားခဲ့ပါတယ်။ သူပြောတဲ့ စကားတစ်ခွန်းက …
“လူတွေ ကျွန်တော့်ကို တစ်ခါနှစ်ခါပဲ ကူညီနိုင်မှာပါ၊
တစ်သက်လုံးအတွက်က ကိုယ့်အားကိုယ်ကိုးပဲ ကျွန်တော်လုပ်ရပါမယ်” တဲ့။
သူ့ဗီဒီယိုတွေ အင်တာနက်ပေါ် ပြန့်ကုန်ပြီး ကြည့်တဲ့သူအပေါင်းက ကွန့်မန့်တွေ ပေးကြပါတယ်။ အများဆုံး ပေးကြတဲ့ ကွန့်မန့်က
” ကိုယ်အင်္ဂါပြည့်စုံတဲ့ငါတို့ ဘာအတွက် ညည်းတွားနေကြဦးမလဲ..” တဲ့ …
.
Credit: #နိုင်းနိုင်းစနေ
.