Zawgyi

Wisdom Hill ေက်ာင္းတြင္ျဖစ္ပြားခဲ့ေသာ သက္ငယ္မုဒိမ္းမႈမွ က်ဴးလြန္ခံရသူ အသက္ ၂ ႏွစ္ ၁၁ လအ႐ြယ္ မူႀကိဳေက်ာင္းသူ ကေလးငယ္ ဗစ္တိုးရီးယား အမွုအား အစဥ္တစိုက္ ေရးသားေဖာ္ျပေပးေနသည့္ အေကာင့္ပိုင္ရွင္ သကၠမိုးညိဳ ကိုဝင္းကိုကိုသိန္းကို Wisdom Hill ေက်ာင္းမွ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ အမႈဖြင့္လိုက္၍ ေနျပည္ေတာ္ အမွတ္ ၁ ရဲတပ္ဖြဲ႕စခန္းက ယေန႔နံနက္တြင္ ေခၚယူစစ္ေဆးေနသည္ဟု ကနဦး သတင္းရရွိထားသည္။

ဗစ္တိုးရီးယားေလးအမွုမွာ တစ္လေက်ာ္ၾကာျမင္႔ေနသည္႔တိုင္ေအာင္ တရားခံမေပၚေသးပဲ ရဲတပ္ဖြဲ႔မွ ဒရိုင္ဘာေအာင္ၾကီးအားတရားခံအျဖစ္စြပ္စြဲကာတရားစြဲဆိုထားတာျဖစ္ပါတယ္။ BBC ဆီေရာက္ရွိလာေသာ CCTV မွတ္တမ္းအရ တရားခံေအာင္ၾကီးမျဖစ္ႏုိင္ဖို႕ရာခိုင္ႏွုန္းမ်ားေနတယ္လို႕လည္း လူမွုကြန္ယက္စာမ်က္ႏွာမ်ားတြင္၀ုိင္း၀န္းေရးသားေနၾကတာျဖစ္ပါတယ္။ဆက္လက္ျပီး ၆၆ ဃ ျဖင္႔တရားစြဲဆိုခံထားရေသာ သကၠမိုးညိဳႏွင္႔ပတ္သတ္ျပီးသတင္းမ်ားထပ္မံရရွိပါက ေဖာ္ျပေပးပါသြားပါမည္.

Credit – celefamily

Unicode

Wisdom Hill ကျောင်းတွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်ခံရသူ အသက် ၂ နှစ် ၁၁ လအရွယ် မူကြိုကျောင်းသူ ကလေးငယ် ဗစ်တိုးရီးယား အမှုအား အစဉ်တစိုက် ရေးသားဖော်ပြပေးနေသည့် အကောင့်ပိုင်ရှင် သက္ကမိုးညို ကိုဝင်းကိုကိုသိန်းကို Wisdom Hill ကျောင်းမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လိုက်၍ နေပြည်တော် အမှတ် ၁ ရဲတပ်ဖွဲ့စခန်းက ယနေ့နံနက်တွင် ခေါ်ယူစစ်ဆေးနေသည်ဟု ကနဦး သတင်းရရှိထားသည်။

ဗစ်တိုးရီးယားလေးအမှုမှာ တစ်လကျော်ကြာမြင့်နေသည့်တိုင်အောင် တရားခံမပေါ်သေးပဲ ရဲတပ်ဖွဲ့မှ ဒရိုင်ဘာအောင်ကြီးအားတရားခံအဖြစ်စွပ်စွဲကာတရားစွဲဆိုထားတာဖြစ်ပါတယ်။ BBC ဆီရောက်ရှိလာသော CCTV မှတ်တမ်းအရ တရားခံအောင်ကြီးမဖြစ်နိုင်ဖို့ရာခိုင်နှုန်းများနေတယ်လို့လည်း လူမှုကွန်ယက်စာမျက်နှာများတွင်ဝိုင်းဝန်းရေးသားနေကြတာဖြစ်ပါတယ်။ဆက်လက်ပြီး ၆၆ ဃ ဖြင့်တရားစွဲဆိုခံထားရသော သက္ကမိုးညိုနှင့်ပတ်သတ်ပြီးသတင်းများထပ်မံရရှိပါက ဖော်ပြပေးပါသွားပါမည်.

Credit – celefamily