ခင်လှိုင်ကတော့ သရုပ်ဆောင်လောကမှာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်လို့ဆိုရလောက်အောင်ပဲဇာတ်ရုပ်မျိုးစုံကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုတစ်ခဲနက်ရရှိထားသူပဲဖြစ်ပါတယ်။သားချောသမီးချောလေးတွေကိုပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘ၀တည်ဆောက်ထားနိုင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

ခင်လှိုင်ရဲ့ သမီးလေးဖြစ်သူ သဇင်ထူးမြင့်ကလည်းချစ်စဖွယ်မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး ယောက်ျားလေးပရိသတ်ကြီးရဲ့ အားပေးချစ်ခင်မှုကို အပြည့်အ၀ရရှိထားသူလေးပါ။သူမကတော့ (၂၀၁၉)ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုတစ်ဦးအနေနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူမ၀ါသနာပါတဲ့အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ စတင်လုပ်ကိုင်နေတာဖြစ်ပါတယ်။

လတ်တလောမှာတော့ သမီးလေးသဇင်ထူးမြင့်ကို ဖေဖေခင်လှိုင်ကကားလက်ဆောင်ပေးလိုက်ပြီး”ဖြစ်နိုင်ရင်တော့ သားသမီး(၃)ယောက်လုံးကို တစ်ယောက်တစ်စီးစီပေးချင်တာပေါ့။သမီးကလည်းအနုပညာအလုပ်လုပ်နေပြီဆိုတော့ သွားရေးလာရေးအဆင်ပြေအောင်ရယ် နောက်ပြီး လူတောသူတောထဲမှာ မျက်နှာမငယ်အောင်ရယ်ပေါ့နော်။ သမီးကို ကျွန်တောစီးတဲ့ ကားကိုပေးလိုက်ပြီးကျွန်တော်တော့ ကားအသစ်တစ်စီးဝယ်လိုက်တာပေါ့နော်”လို့ သမီးဖြစ်သူကို ကားလက်ဆောင်ပေးဖြစ်တဲ့အကြောင်းပြောကြားထားပါတယ်။ပရိသတ်ကြီးရေ သမီးကိုကားလက်ဆောင်ပေးလိုက်တဲ့ ဖေဖေခင်လှိုင်အတွက်မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်။

Credit-CeleGabar