Zawgyi






[embedded content]



Unicode

ထိုင်းနိုင်ငံက အမာခံပရိသတ်တွေကို ကျေးဇူးတင်စကား ပြောလိုက်တဲ့ ပိုင်တံခွန် ရုပ်သံ

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားလေး တစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အေးဆေး တည်ငြိမ်စွာ နေတတ်တဲ့ ပိုင်တံခွန်ကို လူငယ်ပရိသတ်တွေ သာမက လူကြီးတွေကပါ ချစ်ခင် အားပေးကြတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီး အနုပညာလောကမှာ နေရာ တစ်နေရာ အခိုင်အမာ ရရှိထားသူပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ ကျော်ကြားမှုက ပြည်တွင်းမှာ သာမက ပြည်ပအထိပါ ထိုးဖောက် အောင်မြင်တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က အာရှနိုင်ငံအတွင်းက နာမည်ကြီး အင်တာနက် ဝက်ဆိုက်ဒ်တွေမှာ မကြာခဏဆိုသလို ဖော်ပြခံရတဲ့ မင်းသား တစ်ဦးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပရိသတ်တွေသာမက ပြည်ပက ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို ခံနေရတဲ့ ပိုင်တံခွန်ကတော့ ” ขอบคุณแฟนๆจากเมืองไทยทุกๆคนนะครับ🙏🏽 ” ဆိုပြီး ထိုင်းနိုင်ငံက ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသား ဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်းက ပရိသတ်တွေကို ကျေးဇူးတင် စကားပြောထားတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ထိုင်းနိုင်ငံက ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောထားတဲ့ ပိုင်တံခွန်ရဲ့ video

[embedded content]

ပိုင်တံခွန်ကတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေကို တလေးတစားနဲ့ ကျေးဇူးတင် စကားပြောပေးထားခဲ့တာနော်။ ကျွမ်းကျွမ်း ကျင်ကျင် မတတ်မြောက်တဲ့ ဘာသာစကား ဖြစ်ပေမယ့်လည်း ချစ်တဲ့ ပရိသတ်တွေ အတွက် ကြိုးကြိုး စားစား ပြောပြီး ကျေးဇူးတင်စကား ဆိုလာခဲ့တဲ့ အတွက် ပရိသတ်တွေလည်း သဘောကျမိ မယ်လို့ ထင်ပါတယ်။ ကြည့်ရှု အားပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူး တင်ရှိပါတယ်နော်။

Kay Kay , Ref: Paing Takhon’s Facebook , momolay

Credit to Original Poster