Zawgyi
can’t wait to say
Unicode
သူ့ဘဝရဲ့ အကြီးမားဆုံး ပြောင်းလဲမှုတွေ အကြောင်း အသိပေးလာတဲ့ နေတိုး
သဘာဝဆန်ဆန် သရုပ်ဆောင် ချက်တွေနဲ့ ဘက်စုံတော်တဲ့ အနုပညာရှင်ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ အဝှမ်း ပရိသတ်တွေ အားလုံး ချစ်ကြရတဲ့ သရုပ်ဆောင် မင်းသား နေတိုး ကိုတော့ အားလုံး ချစ်ကြမယ် ထင်ပါတယ်။ အခု အားလုံး ချစ်ကြရတဲ့ သူ့အကြောင်းတွေကို Myanmar Celebrity နဲ့ အင်တာဗျူးမှာ ပြောပြသွားပါတယ်။ သူပြောပြသွားတဲ့ အကြောင်းတွေကို ပရိသတ်တွေ သိအောင် ပြောပြပေး လိုက်ပါတယ် ။
နေတိုးက သူ့ရဲ့ ပြောင်းလာမှု အပေါ်မှာ သူရဲ့ ရင်ခုန်သံတွေကို “အဆင့်ဆင့် ပြောင်းလဲမှုတွေကတော့ရှိတယ် ဒါပေမယ့် သိသိသာသာ ပြောင်းလဲလာတာ ကတော့ ကျနော်စပြီး အလုပ် လုပ်တဲ့ အချိန်တုန်းက ဆံပင်အလယ်ခွဲကနေ စပြီး ခေတ်အလိုက် သူ့ဟာနဲ့သူ ပြောင်းလဲသွားတာ ပေါ့ ။ တကယ်ကတော့ ယှဉ်ကြည့်မှာ ပဲ ဘယ်လောက်ထိ ပြောင်းလဲသွားဆိုတာ သိနိုင်တယ် ။
ဟိုတလောကလည်း နှစ်နှစ်ဆယ်ကျော် လောက်က ပုံလေးတွေ ကျနော် တင်ဖြစ်တယ် ပေါ့ ။ အဲ့ဒီအချိန်တုန်း ကတော့ အဲ့ဒီပုံစံပေါ့ အခုချိန် မှာတော့ ပြန်လည်း မရနိုင်တော့ဘူး ဆိုတော့ နုပျိုခြင်း ဆိုတာကတော့ အဲ့ဒီအချိန် တုန်းက နဲ့အခုဆိုရင် အရမ်းလည်းကွာဟ သွားတယ် ပေါ့နော် ။
ဒါပေမယ့် ကံကောင်း တာတစ်ခု ကတော့ ပရိသတ်ရဲ့ အားပေးမှု အရှိန် အဟုန် ကတော့ ရှိနေတုန်းပဲဆိုတော့ အဲ့ဒါလေး တစ်ခုကတော့ ကျနော့်ရဲ့ အနုပညာ သက်တမ်း တစ်လျှောက်မှာ တော်တော်လေးကံ ကောင်းတဲ့ ဆုတစ်ခုလို့ ပြောရမှာ ။
မိမိ ကိုယ်ကိုယ် မိမိ ပရိသတ်ကို အနုပညာရှင်တစ်ယောက် အနုပညာစိတ် ရှိတဲ့သူ တစ်ယောက် က အနုပညာဖန်တီးခွင့်ကို အခုချိန်ထိ ပရိသတ်လိုလို လားလား တောင့်တနေတုန်းပဲ ဆိုတဲ့ဟာက ကျနော့်အတွက် အင်အားအရမ်းဖြစ်စေတာပေါ့ ။
ဆက်လက်ပြီးတော့လည်း အခုလိုမျိုး အင်အားတွေ အမြဲတမ်း ရနိုင်အောင် ပရိသတ် လက်ခံတဲ့ ၊ ပရိသတ်ချစ်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်အောင်လည်း အမြဲတမ်း ကြိုးစားသွားမှာပါ ။” ဆိုပြီးပြောပြသွားပါတယ် ။
Live လွှင့်ခဲ့တဲ့ အပေါ်က သူရဲ့ရှင်းပြချက် ကတော့ “ Promotion Team က တော်တော်လေး အိုင်ဒီယာ ကောင်းတယ် လို့ပြောရမယ် ကျနော်တို့ ကလည်း Promotion Team တွေနဲ့ အလုပ် လုပ်နေတဲ့အခါကျတော့ ဒီစကားလုံးလေးကို ရွေးပေးတာပေါ့ တကယ်တမ်း ဆိုရင်တော့ ဒီနှစ်ပါးသွား Update ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက ဒီလိုမျိုးဖြစ်အောင် လုပ်တာ လို့တော့ မဟုတ်ဘူး ဒါပေမယ့် ကျနော်တို့က Introduce အနေနဲ့ ဒီလိုမျိုးလေးပေါ့ နော် Update ဆိုတာကကျ စကားလုံးက အခု ဗန်းစကားလိုမျိုးလည်း ဖြစ်နေတော့ ဒီစကားလုံးလေးကို ကျနော်တို့ သုံးပြီးတော့မှ ကျနော် ပိုစ့်လုပ်လိုက်တာပါ ။
ပရိသတ်က နားလည်မှု တစ်မျိုးဖြစ်ပြီးတော့ ရင်ခုန်သံ မျိုးဖြစ်သွားတဲ့ အခါကျတော့ တကယ်တန်းဆိုရင်တော့ ဘယ်လိုပြောရမလဲ ပရိသတ် ရင်ခုန်မှု ဆိုတာလည်း ရှင်သန်မှုတစ်ခုပါ ဆိုတော့ ကောင်းပါတယ် ။ ကျနော်တို့ အခုရင်ခုန်အောင် လုပ်ပေးနိုင်တဲ့ အတွက်လည်း ဘာပဲဖြစ်ဖြစ်လေ ကျနော့်အနေနဲ့ ပျော်စရာကောင်းတယ် ။
ပရိသတ်တွေ အနေနဲ့ ရင်ခုန်စရာတစ်ခု အနေနနဲ့ သော်လည်းကောင်း စိတ်ဝင်စားစရာ တစ်ခုအနေနဲ့သော်လည်းကောင်း ရင်ခုစိတ်လှုုပ်ရှားမှုတွေ အသစ်ဖြစ်တဲ့ အခါကျတော့ ဘာပဲဖြစ်ဖြစ် ဘဝမှာနေထိုင်ရတာ နည်းနည်းလေး အနိမ့်အမြင့်လေး ရှိတာပေါ့ ။ (သဘောကျလျက်)” ပြောပြသွားပါတယ်။
can’t wait to say
Credit to Original Poster