Zawgyi

သင့္ရဲ႕ အေၾကြးေတြကုိ အျမန္ဆုံး ေၾကသြားႏုိင္မယ့္ နည္းလမ္း (၆) မ်ိဳး

အေၾကြးေတြ မ်ားေနလုိ႔ စိတ္ညစ္ေနၿပီလား။ ကုိယ့္ရဲ႕ ဝင္ေငြနဲ႔ အေၾကြး ဆပ္ရမယ့္ ပမာဏ က မမွ်တပဲ လကုန္တုိင္း စိတ္ပ်က္ လက္ပ်က္ ျဖစ္ေနရလား။ ဒီလုိဆုိရင္ ေအာက္မွာ ပါတဲ့ အခ်က္ေလးေတြကုိ သုံးၿပီး သင့္ရဲ႕ အေၾကြးေတြကုိ အျမန္ဆုံး ျပန္ဆပ္လုိ႔ ရပါတယ္။ သင္ ႀကိဳးစားၾကည့္ ဖုိ႔ပဲ လုိတယ္။

(၁) သင့္ရဲ႕ ဝင္ေငြကုိ တြက္ခ်က္ပါ

သင့္ရဲ႕ ဝင္ေငြကုိ တလအတြက္ အသုံးစားရိတ္ ဖယ္လုိက္ရင္ ဘယ္ေလာက္ က်န္ဦးမယ္။ အဲဒီ ပမာဏကုိ အတိအက်သိဖုိ႔ လုိပါတယ္။ တကယ္လုိ႔ တလ အသုံးစားရိတ္ကုိ ေလ်ာ့ၿပီး တြက္မိ လုိက္ရင္ သင္ဟာ လကုန္ခါ နီးၿပီဆုိ ပုိက္ဆံျပတ္မယ္၊ သူမ်ားဆီက ျပန္ေခ်းရမယ္ ။ ဒီလုိနဲ႔ သံသရာ လည္ေနဦးမွာပါ။ ဒီေတာ့ တလအတြက္ လုံလုံေလာက္ေလာက္ ျဖစ္မယ့္ အသုံးစရိတ္ကုိတြက္၊ ၿပီးရင္ ပုိတဲ့ပုိက္ဆံကုိ ဖယ္ထားလုိက္ပါ၊

(၂) မလုိအပ္တဲ့ အသုံးစရိတ္ေတြ ေလ်ာ့ပါ

သင့္အေနနဲ႔ အေၾကြးေတြ တကယ္ေက်ေအာင္ ဆပ္ေတာ့မယ္လုိ႔ စိတ္ကူးရင္ မလုိအပ္တဲ့ အသုံးစားရိတ္ေတြ ေလ်ာ့လုိက္သင့္ ပါတယ္။ သင္ယူေနက် ရုပ္သံလုိင္းကုိ ေစ်းနိမ့္တာ ေျပာင္းယူ လုိက္တာ၊ တစ္လေလာက္ အဝတ္အစားေတြ မ၀ယ္ပဲ ေနလုိက္တာ၊ အစားေကာင္းေကာင္းေတြ မစားပဲ ေခၽြတာလုိက္တာ … စတာေတြက သင့္အတြက္ ပုိက္ဆံအပုိေတြ အမ်ားႀကီး ပုိထြက္လာေစ ပါလိမ့္မယ္။

(၃) ပုိထြက္လာတဲ့ ပုိက္ဆံမွန္သမွ်ကုိ အေၾကြးဆပ္ပါ

ခုနတုန္းက သင္တြက္ထားလုိ႔ ထြက္လာတဲ့ အပုိ ပုိက္ဆံ မွန္သမွ်ကုိ အေၾကြးဆပ္မယ့္ စာရင္းထဲ ထည့္လုိက္ပါ။ အေၾကြးစာရင္း ဆုိတဲ့ ေနရာမွာလည္း အတုိးအမ်ားဆုံး ေပးေနရတဲ့ အေၾကြးေတြကုိ အရင္ဆပ္ပါ။ ဘာေၾကာင့္လဲ ဆုိေတာ့ အတုိးေတြ ေပးေနရျခင္းက သင့္ရဲ႕ ပုိက္ဆံေတြကုိ လြယ္လြယ္နဲ႔ ကုန္သြားေစမွာ မုိ႔ပါပဲ။

(၄) အခ်ိန္ပုိင္း အလုပ္ေတြ ရွာပါ

သင့္ရဲ႕လစာက အေၾကြးဆပ္ဖုိ႔ အတြက္ မေလာက္ေတာ့တဲ့ အေျခအေနမ်ိဳး ျဖစ္ေနရင္ေတာ့ တျခားအခ်ိန္ပုိင္း အလုပ္ေလးေတြ ရွာၾကည့္တာ အေကာင္းဆုံးပါ။ ကုိယ့္ရဲ႕အလုပ္နဲ႔ ပတ္သက္ ဆက္ႏြယ္ေနတဲ့ အခ်ိန္ပုိင္း အလုပ္ေလးေတြ ရမယ္ဆုိရင္ သင့္အတြက္ ပုိက္ဆံ အပုိ ထြက္လာမွာျဖစ္ၿပီး အေၾကြးေတြ ဆပ္ဖုိ႔ အတြက္ အေထာက္အကူ ျဖစ္မွာပါ။

(၅) သင့္ဆီမွာ မလုိအပ္တဲ့ ပစၥည္းေတြ ေရာင္းဖုိ႔ျပင္ပါ

တကယ္လုိ႔သာ သင္က ဖုန္း (၂) လုံး၊ (၃) လုံးေလာက္ ရွိေနမယ္၊ ကုိယ့္အတြက္ သိပ္ၿပီး အသုံးမလုိတဲ့ ပစၥည္းေတြလည္း ရွိေနမယ္ဆုိရင္ အဲဒါေတြကုိ ေရာင္းၿပီး အေၾကြးဆပ္တာက ပုိၿပီးထိေရာက္မွာပါ။ အေၾကြးေတြ ေၾကၿပီး သင့္ရဲ႕၀င္ေငြက ပုံမွန္ျပန္ျဖစ္လာရင္ အဲဒါေတြကုိ ျပန္ဝယ္လုိ႔ ရမွာမုိ႔ ျပန္ေရာင္းဖုိ႔ကုိ ႏွေမ်ာမေနပဲ လတ္တေလာ ေငြေၾကးျပႆနာ ကုိသာ ေျဖရွင္းလုိက္ပါ။

(၆) သင့္ရဲ႕စိတ္ကုိ မယိမ္းယုိင္ပါေစနဲ႔

အေၾကြး ဆပ္ခ်င္သူေတြရဲ႕ အဓိက ျပႆနာက ဆပ္ခ်င္စိတ္ေတာ့ ရွိပါရဲ႕။ တစ္လေလာက္ ဆပ္ၿပီး ေနာက္လေတြမွာ ကုိယ္ဆပ္တာရဲ႕ (၂) ဆ ေလာက္ ျပန္ေခ်း။ အဲဒီလုိနဲ႔ အေၾကြးေတြက မေၾကတဲ့အျပင္ ပုိတုိးလာ။ သံသရာလည္ေနၾကတာပါ။ ဒီေတာ့ သင့္ရဲ႕စိတ္ကုိ ဘာေၾကာင့္မွ ယိမ္းယုိင္သြားတာမ်ိဳး မျဖစ္ေစပဲ အေၾကြးေတြ ေၾကသြားဖုိ႔ကုိပဲ အာရုံစုိက္ထားလုိက္ပါ။ ျပႆနာေတြ အားလုံး ေျပလည္သြား ပါလိမ့္မယ္။

Linn

Unicode

သင့်ရဲ့ အကြွေးတွေကို အမြန်ဆုံး ကြေသွားနိုင်မယ့် နည်းလမ်း (၆) မျိုး

အကြွေးတွေ များနေလို့ စိတ်ညစ်နေပြီလား။ ကိုယ့်ရဲ့ ဝင်ငွေနဲ့ အကြွေး ဆပ်ရမယ့် ပမာဏ က မမျှတပဲ လကုန်တိုင်း စိတ်ပျက် လက်ပျက် ဖြစ်နေရလား။ ဒီလိုဆိုရင် အောက်မှာ ပါတဲ့ အချက်လေးတွေကို သုံးပြီး သင့်ရဲ့ အကြွေးတွေကို အမြန်ဆုံး ပြန်ဆပ်လို့ ရပါတယ်။ သင် ကြိုးစားကြည့် ဖို့ပဲ လိုတယ်။

(၁) သင့်ရဲ့ ဝင်ငွေကို တွက်ချက်ပါ

သင့်ရဲ့ ဝင်ငွေကို တလအတွက် အသုံးစားရိတ် ဖယ်လိုက်ရင် ဘယ်လောက် ကျန်ဦးမယ်။ အဲဒီ ပမာဏကို အတိအကျသိဖို့ လိုပါတယ်။ တကယ်လို့ တလ အသုံးစားရိတ်ကို လျော့ပြီး တွက်မိ လိုက်ရင် သင်ဟာ လကုန်ခါ နီးပြီဆို ပိုက်ဆံပြတ်မယ်၊ သူများဆီက ပြန်ချေးရမယ် ။ ဒီလိုနဲ့ သံသရာ လည်နေဦးမှာပါ။ ဒီတော့ တလအတွက် လုံလုံလောက်လောက် ဖြစ်မယ့် အသုံးစရိတ်ကိုတွက်၊ ပြီးရင် ပိုတဲ့ပိုက်ဆံကို ဖယ်ထားလိုက်ပါ၊

(၂) မလိုအပ်တဲ့ အသုံးစရိတ်တွေ လျော့ပါ

သင့်အနေနဲ့ အကြွေးတွေ တကယ်ကျေအောင် ဆပ်တော့မယ်လို့ စိတ်ကူးရင် မလိုအပ်တဲ့ အသုံးစားရိတ်တွေ လျော့လိုက်သင့် ပါတယ်။ သင်ယူနေကျ ရုပ်သံလိုင်းကို ဈေးနိမ့်တာ ပြောင်းယူ လိုက်တာ၊ တစ်လလောက် အဝတ်အစားတွေ မဝယ်ပဲ နေလိုက်တာ၊ အစားကောင်းကောင်းတွေ မစားပဲ ချွေတာလိုက်တာ … စတာတွေက သင့်အတွက် ပိုက်ဆံအပိုတွေ အများကြီး ပိုထွက်လာစေ ပါလိမ့်မယ်။

(၃) ပိုထွက်လာတဲ့ ပိုက်ဆံမှန်သမျှကို အကြွေးဆပ်ပါ

ခုနတုန်းက သင်တွက်ထားလို့ ထွက်လာတဲ့ အပို ပိုက်ဆံ မှန်သမျှကို အကြွေးဆပ်မယ့် စာရင်းထဲ ထည့်လိုက်ပါ။ အကြွေးစာရင်း ဆိုတဲ့ နေရာမှာလည်း အတိုးအများဆုံး ပေးနေရတဲ့ အကြွေးတွေကို အရင်ဆပ်ပါ။ ဘာကြောင့်လဲ ဆိုတော့ အတိုးတွေ ပေးနေရခြင်းက သင့်ရဲ့ ပိုက်ဆံတွေကို လွယ်လွယ်နဲ့ ကုန်သွားစေမှာ မို့ပါပဲ။

(၄) အချိန်ပိုင်း အလုပ်တွေ ရှာပါ

သင့်ရဲ့လစာက အကြွေးဆပ်ဖို့ အတွက် မလောက်တော့တဲ့ အခြေအနေမျိုး ဖြစ်နေရင်တော့ တခြားအချိန်ပိုင်း အလုပ်လေးတွေ ရှာကြည့်တာ အကောင်းဆုံးပါ။ ကိုယ့်ရဲ့အလုပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အချိန်ပိုင်း အလုပ်လေးတွေ ရမယ်ဆိုရင် သင့်အတွက် ပိုက်ဆံ အပို ထွက်လာမှာဖြစ်ပြီး အကြွေးတွေ ဆပ်ဖို့ အတွက် အထောက်အကူ ဖြစ်မှာပါ။

(၅) သင့်ဆီမှာ မလိုအပ်တဲ့ ပစ္စည်းတွေ ရောင်းဖို့ပြင်ပါ

တကယ်လို့သာ သင်က ဖုန်း (၂) လုံး၊ (၃) လုံးလောက် ရှိနေမယ်၊ ကိုယ့်အတွက် သိပ်ပြီး အသုံးမလိုတဲ့ ပစ္စည်းတွေလည်း ရှိနေမယ်ဆိုရင် အဲဒါတွေကို ရောင်းပြီး အကြွေးဆပ်တာက ပိုပြီးထိရောက်မှာပါ။ အကြွေးတွေ ကြေပြီး သင့်ရဲ့ဝင်ငွေက ပုံမှန်ပြန်ဖြစ်လာရင် အဲဒါတွေကို ပြန်ဝယ်လို့ ရမှာမို့ ပြန်ရောင်းဖို့ကို နှမျောမနေပဲ လတ်တလော ငွေကြေးပြဿနာ ကိုသာ ဖြေရှင်းလိုက်ပါ။

(၆) သင့်ရဲ့စိတ်ကို မယိမ်းယိုင်ပါစေနဲ့

အကြွေး ဆပ်ချင်သူတွေရဲ့ အဓိက ပြဿနာက ဆပ်ချင်စိတ်တော့ ရှိပါရဲ့။ တစ်လလောက် ဆပ်ပြီး နောက်လတွေမှာ ကိုယ်ဆပ်တာရဲ့ (၂) ဆ လောက် ပြန်ချေး။ အဲဒီလိုနဲ့ အကြွေးတွေက မကြေတဲ့အပြင် ပိုတိုးလာ။ သံသရာလည်နေကြတာပါ။ ဒီတော့ သင့်ရဲ့စိတ်ကို ဘာကြောင့်မှ ယိမ်းယိုင်သွားတာမျိုး မဖြစ်စေပဲ အကြွေးတွေ ကြေသွားဖို့ကိုပဲ အာရုံစိုက်ထားလိုက်ပါ။ ပြဿနာတွေ အားလုံး ပြေလည်သွား ပါလိမ့်မယ်။

Linn

Credit to Original Poster