Zawgyi
Credit-Momolay
Unicode
နိုင်ငံကျော် သရုပ်ဆောင် မင်းသားချောတစ်ယောက်ဖြစ်တဲ့ နိုင်းနိုင်းဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ ပြောပြစရာမလိုလောက်အောင် ပီပြင်တဲ့အနုပညာပြကွက်တွေကို ချပြပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ မိသားစုတွေနဲ့အတူ ဘဝကို ပျော်ပျော်ပါးပါးဖြတ်သန်းနေထိုင်ခဲ့တာကြောင့်ပါ အများရဲ့ လေးစားအားကျမှုတွေကို အပြည့်အဝရရှိထားတဲ့ သူကတော့ လတ်တလော ပြည်သူတွေကြုံတွေ့နေရတဲ့ သက်ငယ်မုဒိမ်းတွေနဲ့ပတ်သက်ပြီး ကိုယ့်မိသားစုကိုယ် သေချာစောင့်ရှောက်ကြဖို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။
လတ်တလော ပြည်သူတွေကြား အဖြစ်များနေတဲ့ သက်ငယ်မုဒိမ်းတွေနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုအားကိုးရမှန်းမသိဖြစ်နေတဲ့ခေတ်ကြီးမှာ ကိုယ့်ရဲ့မိသားစုတွေကို သေချာစောင့်ရှောက်ကြဖို့ပြောပြလာတဲ့ နိုင်းနိုင်းရဲ့ စာသားတစ်ချို့ကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။နိုင်းနိုင်းကတော့ ” အခုတစ်​​လော ကြားရတဲ့သတင်​း​တွေ ရင်​ထဲကိုဆို့ပြီးတစ်​ကယ်​ခံစားရပါတယ်​။ ကျွန်​​တော်​တို့တိုင်​းပြည်​ လုံခြံုမှုမရှိသလိုပါပဲ…ဘယ်​တိုင်​းပြည်​မှာပဲဖြစ်​ဖြစ်​ မသမာမှု ဒုစရိုက်​ဆိုတာရှိကြစမြဲပါ၊ ဒါ​ပေမယ်​့ တရားဥပ​ဒေစိုးမိုး​ရေးနဲ့ ပြည်​သူလူထုဘဝ လုံခြံုမှုအတွက်​ အကာအကွယ်​​ပေးဖို့ ရဲဝန်​ထမ်​း​တွေရှိကြပါတယ်​။ ”
” တစ်​ခုခုဖြစ်​ပြီဆို ဘယ်​သူ့ ကိုတိုင်​တန်​းပြီး၊ ဘယ်​သူ့ကိုအားကိုးရမလဲဆိုတာ မသိ​တော့​အောင်​ကိုဖြစ်​​နေပါတယ်​။ အဲ့ဒီ​တော့ ကျွန်​​တော်​​ပြောချင်​တာက အတတ်​နိုင်​ဆုံး ကိုယ်​့ပတ်​ဝန်​းကျင်​၊ ကိုယ်​့မိသားစု၊ ကိုယ်​့က​လေးများကို ကိုယ်​့နည်​းကိုယ်​့ဟန်​နဲ့ ကာကွယ်​​စောင်​့​ရှောက်​ကြပါစို့..” ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
နိုင်းနိုင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးနေဆဲဖြစ်ပြီး မကြာသေးခင်ကမှရုံတင်ပြသပေးသွားပြီး သူပါဝင်ထားတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေကြား အဖြစ်များနေတဲ့ သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး ဘယ်သူ့အားကိုမှမကိုးတော့ဘဲ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မိသားစုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ဖို့ပြောလာခဲ့တဲ့ နိုင်းနိုင်းရဲ့ စာသားလေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Credit-Momolay