အခုတင်ဆက်ဖော်ပြပေးချင်တဲ့ ဇာတ်ကားလေးကိုတော့ ပရိသတ်တွေ အတော်များများကြည့်ဖူးခဲ့ကြမှာပါ။ ၂၀၁၃ ခုနှစ် ရိုက်ကူးပြသခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၀၀၈ ခုနှစ်တုန်းကတောင်ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုအကြောင်းကို ပုံဖော်ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံကတော့ ဒီလိုပါ။ Hope လို့ခေါ်တဲ့ အသက် ၈ နှစ်အရွယ်ကလေးမလေးဟာ စက်ရုံလုပ်သားတစ်ယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူနဲ့ ကုန်စုံဆိုင်လေးဖွင့်ထားတဲ့ မိခင်ဖြစ်သူနဲ့အတူ အေးချမ်းတဲ့ဘ၀လေးကို ဖြတ်သန်းနေရသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ “Hope” လေးဟာ ဘ၀ကို ကံဆိုးမိုးမှောင်ကျစေတဲ့ ဖြစ်ရပ်တစ်ခုနဲ့ တွေ့ကြုံခဲ့ရပါတယ်။

မိုးတွေအရမ်းရွာတဲ့ အဲဒီနေ့တုန်းက “Hope” ဟာ အိမ်နားမှာရှိတဲ့ ကျောင်းကို ထီးလေးဆောင်းပြီး ထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျောင်းနားရောက်ခါနီးမှာတော့ အသက်ကြီးကြီးလူကြီးတစ်ယောက်က သူမရဲ့ အရှေ့ကနေ ပိတ်ရပ်ခဲ့ပြီး မိုးတွေအရမ်းရွာနေတာကြောင့် ထီးအတူတူဆောင်းချင်တယ်လို့ပြောကာ အနီးအနားမှာရှိတဲ့ ဂိုဒေါင်ပျက်တစ်လုံးဆီကို ဖမ်းခေါ်သွားခဲ့ပြီး အဓမ္မပြုကျင့်ခဲ့ပါတော့တယ်။

အသက် ၅၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Cho ဆိုတဲ့ ထိုလူဟာ သူ့ရဲ့ မြေးအရွယ်သာရှိတဲ့ ကလေးမလေးကို လည်ပင်းညှစ်၊ ရိုက်နှက်ပြီး အဓမ္မပြုကျင့်တဲ့ဒဏ်ဟာ ဘယ်လောက်တောင်များဆိုးဝါးခဲ့သလဲဆိုရင် ကလေးမလေးရဲ့ စအိုဝကနေ အူမကြီးထိပျက်စီးသွားခဲ့ပါတယ်။ ဒဏ်ရာတွေ ပြင်းထန်စွာရရှိခဲ့ပေမယ့်လည်း သတိလစ်ခြင်းမရှိတဲ့ “Hope” ဟာ သူမကိုယ်တိုင် “911” ကို ဖုန်းဆက်ကာ အကူအညီတောင်းခဲ့ပါတယ်။ဆိုးရွားလွန်းတဲ့ဒဏ်ရာကြောင့် အသက် (၂၁) နှစ်အရွယ်မှာပဲ ကစားသမားဘ၀ကနေ အနားယူသွားခဲ့ရတဲ့ ဒေါ့မွန်လူငယ်ကံကောင်းထောက်မလို့ အသက်မသေခဲ့ပေမယ့်လည်း အညစ်အကြေးစွန့်အင်္ဂါတွေအကုန်ပျက်စီးသွားခဲ့တာကြောင့် အညစ်အကြေးစွန့်တဲ့အိတ်နဲ့ တစ်သက်လုံးနေဖို့ဖြစ်လာခဲ့ပါတော့တယ်။

၈ နှစ်အရွယ်ကလေးမလေးကို မုဒိမ်းကျင့်ခဲ့တဲ့ ၅၈ နှစ်အရွယ် Cho ကိုတော့ ၂ ရက်အတွင်းဖမ်းမိခဲ့ပြီး အမှုစစ်ဆေးခဲ့ရာ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပါတော့တယ်။တကယ့်အပြင်မှာ ဖြစ်ခဲ့တဲ့ပုံစံတွေအတိုင်း ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ ကြည့်ရှုသူပရိသတ်တွေတိုင်းကို ရင်နင့်စေလွန်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာကတော့ ဂိုဒေါင်ပျက်တစ်လုံးမှာဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း အပြင်မှာတော့ အများပြည်သူသုံးသန့်စင်ခန်းမှာ ဖြစ်ပွားခဲ့တာပါ။ တကယ့်ဖြစ်ရပ်အကြောင်းကိုတော့ မရွှေမိုး (ကိုရီးယား) ရဲ့ Facebook Page မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ပြစ်ဒဏ်ချမှတ်ရာမှာလည်း ထောင်ဒဏ် ၁၂ နှစ်ဆိုတာက လူစိတ်မရှိတဲ့ မုဒိမ်းကောင်အတွက် နည်းလွန်းတယ်လို့ဆိုကာ တောင်ကိုရီးယားပြည်သူတွေကတော့ မကျေနပ်ခဲ့ကြပါဘူး။ အခုဆိုရင် ထောင်ဒဏ်ကျခံနေတဲ့ Cho Doo Soon ဟာ ၂၀၂၀ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာတော့မှာဖြစ်တာကြောင့် ပြန်မလွတ်ပေးဖို့အတွက် ကိုရီးယားပြည်သူတွေက လက်မှတ်ထိုးတောင်းဆိုထားကြပါတယ်။

ဒီဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ Hope ရဲ့ အောင်မြင်ချက်ကတော့ ပြသချိန်တုန်းကလည်း အနုပညာအရရော ငွေကြေးအရရော အောင်မြင်ခဲ့တဲ့အပြင် 34th Blue Dragon Film Awards မှာလည်း အကောင်းဆုံးရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင်ထားကြသူတွေကတော့ ၈ နှစ်အရွယ်ကလေးမလေး Hope အဖြစ် Lee Re, Hope ရဲ့ ဖခင်အဖြစ် Sol Kyung-gu, မိခင်အဖြစ် Uhm Ji-won တို့ ဖြစ်ကြပါတယ်။ Hope အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Lee Re ဟာဆိုရင် အဲဒီအချိန်တုန်းက အသက် ၇ နှစ်အရွယ်သာရှိသေးတာ ဖြစ်ပါတယ်။Hope 希望 Sowon 소원 (2013) Official Korean Trailer