သာမ ညဆရာတော်ဘုရားကြီး ချီးမြှင့်ခဲ့သော ပုတီးစိပ်နည်း”

သာမညဆရာတော် ဘုရားကြီးချီးမြှင့်ခဲ့သော အချိန်အခါ ရွေးနည်းတွင် နေ့တစ်နေ့ကို အချိန်အပိုင်းအခြားအလိုက် ကောင်းသောအချိန်နှင့် မကောင်းသောအချိန် အကြမ်းဖျင်းခွဲခြားထားပါသည်။ငွေကြေးဓနနှင့် ဆိုင်သော စန်းနက္ခတ်တို့ ဖြစ်ထွန်းအားကောင်းသော *မုဆိုးရွှေအိုးရကိန်း*အချိန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

တနင်္ဂနွေနေ့တွင် နံနက် ၁ဝနာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း တနင်္လာနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ၃၆ မိနစ် အတွင်း အင်္ဂါနေ့တွင် ညနေ ၃နာရီ ၃ရမိနစ်မှ ညနေ ၆နာရီအတွင်း ဗုဒ္ဓဟူးနေ့တွင် နံနက် ၆နာရီမှ နံနက် ၈နာရီ ၂၄မိနစ်အတွင်း ကြာသာပတေးနေ့တွင် နံနက် ၈နာရီ ၂၅မိနစ်မှ နံနက် ၁ဝနာရီ ၄၈မိနစ်အတွင်း သောကြာနေ့တွင် နံနက် ၁ဝနာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း စနေနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ ၃၆မိနစ်အတွင်း စိပ်ရမည့် ဂါထာ ဥုံ အရဟံ လာဘံ သိဒ

ဂါထာကို မုဆိုးရွှေအိုးရကိန်း အချိန်များအတွင်း 108လုံး ပုတီးဖြင့် ၃ပတ်စိပ်ပါ။ခုနှစ်ရက်ပြည့်အောင် စိပ်ပါ ငွေကြေးနှင့်ပတ်သက်၍ လာဘ်ပိတ်သူကို လာဘ်ပွင့်စေသည်။အလုပ်အကိုင် အဆင်ပြေစေသည်။ ဈေးရောင်းဈေးဝယ်၍ ကောင်းစေသည်။ အလုပ်အတွင်း အတိုက်အခံ အနှောက်အယှက် ကင်းစေသည်။ ရာထူးတိုးတက်စေသည်။ မိမိအလိုရှိရာ ဆုတောင်း၍ ပုတီးစိပ်နိုင်ပါသည်။